အနောက်နိုင်ငံတွေမှာလည်း meditation တို့ mindfulness တို့စတဲ့ practice အချို့အတော်ကြီး နေရာယူလာကြတာတွေ့ရတယ်။ Capitalism ကြောင့် အောက်ခြေလူတန်းစားတွေရဲ့ ဘဝတွေ စုတ်ပြတ်ပြီး ပြန်တော်လှန်ဖို့တောင် အင်အားမရှိတော့တဲ့ အခြေအနေမျိုးမှာပေါ့။ တကယ်တော့ အဲ့အရာတွေဆိုတာ စနစ်ရဲ့ဖိနှိပ်မှုကြောင့် ရလာတဲ့ စိတ်ဆင်းရဲပင်ပန်းမှု၊ အားကိုးရာမဲ့မှု၊ မလုံခြုံမှုတွေကို မူရင်းsource of frustration ကို လျစ်လျူရှုပြီး ကိုယ့်စိတ်ကိုယ်လှည့်စားခိုင်းနေတာပဲ။ အဲ့ meditation,mindfulness industry ကြီးကလည်း ကျမတို့မြင်ရတာထက် အလွန်ပဲ ကြီးမားတဲ့ စျေးကွက်ကြီးကို ဖြစ်လို့။ တဖက်မှာ ဆင်းရဲသားတွေ အဖက်ဖက်က ပိတ်မိနေတဲ့ အလယ်အလတ်တန်းစား လူတန်းစားတွေအနေနဲ့ အရာရာဟာ စနစ်တကျ ဖိနိှပ်ခံထားရလွန်းတော့ စနစ်ကိုတော်လှန်ဖို့ နေနေသာသာ တစ်ကိုယ်ရေ ထွက်ပေါက်ဆ်ုတာတောင် မလွယ်ကူလှဘူး မဟုတ်လား။ ဆရာဝန်တွေက စိတ်ကျရောဂါပျောက်ဆေးတွေ ပဲကြီးလှော်လိုပေးသုံးကြ အဲ့စိတ်ကျရောဂါဆေးcompany တွေရဲ့ ဝင်ငွေကလည်း ကြောက်ခမန်းလိလိကြီးမားတာရယ်။
တဖက်မှာ အရာရာကို မပြောင်းလဲနိုင်ရင် ပြောင်းလဲလာအောင် တော်လှန်ချင်စိတ်မရှိတော့ရင် ရေမြွေတွေလ်ု တရားလေးထိုင် ငါ့စိတ်လေးကြည်လင်နေတယ်ဆိုပြီး ဒီတိုင်းဘာမှ အဖြစ်ရှိအောင် လောကကြီးကို အထောက်အပံ့မပေးပဲ တစ်ကိုယ်ရည်လွတ်လပ်မှုရှာဖို့ဆို အဲ့ meditation တို့ mindfulness တို့က သိပ်အသုံးဝင်တာမဟုတ်လား။ ဆိုတော့ capitalism ရဲ့ အဆိုးဆုံးဖိနှိပ်မှုအောက်မှာ ဘာမှ ပြန်မလုပ်နိုင်တဲ့ loser တွေအတွက် အဲ့လ်ုအရာတွေ ဟာ delusional ဖြစ်တဲ့ positivity ကို ပေးတယ်လေ။အနောက်နိုင်ငံကလူတွေ individualism ဖြစ်ကြတာက အရင်းရှင်စနစ်ကို အားကောင်းစေတယ်။ အစုအဖွဲ့နဲ့ လုပ်ဆောင်မှုနည်းတာ၊ မိသားစုအသိုက်အမြုံထက် တကိုယ်ရည် လွတ်မြောက်မှုကို ရှေ့ရှုကြတာဟာ စျေးကွက်ကို အကျိုးဖြစ်စေတယ်။ အလားတူပဲ Buddhism ဟာ individualistic ဖြစ်တယ်။ တကိုယ်ရည် လွတ်မြောက်မှုကို အားပေးတယ်။ အဲ့ဒါကလည်း အရင်းရှင်စနစ်အတွက် အကျိုးရှိတယ်။ ဒါ့ကြောင့် အဲ့ mindfulness တို့ meditation တို့ menifestation တို့ဆိုတာတွေဟာ မြန်မာပြည်လို ဗုဒ္ဓဘာသာတိုင်းပြည်မှာ လုပ်စားကြတယ်ဆိုတာ အနောက်နိုင်ငံတွေမှာ လုပ်စားနေတာရဲ့ ဆယ်ပုံ တစ်ပုံပဲရှိသေးတယ်။ ဟိုကောင်တွေက Digitalise လုပ်တယ်။ camp သွင်းပြီး ငွေကို အချီကြီးရှာတယ်။ ဘာကိုမှ ပြောင်းလဲနိုင်စွမ်းမရှိတဲ့ တော်လှန်နိုင်စွမ်းမရှိတဲ့ သူတွေအတွက် အတူအယောင် အေးချမ်းမှုတွေ ပေးရင်း ငွေရှာကြတာပေါ့။ လက်တွေ့ကျ mass movement တွေ မဖြစ်ပေါ်လာတော့အောင် ကာကွယ်ပေးရာတောင် ရောက်သေးတယ်။ ဒေါသတွေ၊ မောဟတွေ၊ မတရားတာကို ငြိမ်မခံချင်စိတ်တွေ ဖျောက်ပေးရင်း တရားလေးထိုင် အချိန်တွေဖြုန်းရင်း ငါ့စိတိလေးအေးချမ်းလိုက်တာဆိုပြီး ရေမြွေလ်ုကောင်တွေအဖြစ် သေသွားတဲ့သူတွေက်ုမှ loser တွေလို့ မခေါ်ရင် ဘယ်သူတွေကို ခေါ်မှာလဲ။
ဘယ်ကားထဲမှာလဲတော့ မမှတ်မိဘူး serial killer တစ်ကောင်ပြောတဲ့စကား ကြိုက်လွန်းလို့ မှတ်ထားတာ။ သူ့ကို အရူးလို့ပြောလို့ ရူးတယ်ဆိုတာ တသက်လုံးဖင်စုတ်အောင် ဆောက်လုပ်တွေလုပ်ပြီး မင်းအသက်ကြီးလာချိန် မယ်မယ်ရရ သုံးစားမရတဲ့ ပင်စင်လေးမျော်ရင်း ဟိုးတောဘက်မှာသွားနေပြီး ဘဝကြီးက်ု ဆောက်ကောင်းမြင်နေတဲ့ကောင်တွေကမှ ရူးတာကွဆိုတာလေး သိပ်သဘောကျတာပဲ။ တလောကလုံး ယီးတွေဖြစ်နေချိန် ဘာမှ မပြောင်းလဲချင်ပဲ တောထွက်ပြီး တရားထိုင်နေတဲ့ကောင်တွေ၊ စိတ်လေးအေးချမ်းရင် အရာရာအဆင်ပြေမယ်ထင်နေတဲ့ကောင်တွေလိုပဲ loser တွေပေါ့။
YOU ARE READING
Meditation and Spiritual healing
Non-FictionMeditation, manifestation ကစလို့ spiritual practices တွေဟာ တကယ်ရော ကျမတို့ရဲ့ social ပြသနာတွေကို ကုစားနိုင်ရဲ့လား။