C - 00

1.9K 129 3
                                    


Note - post လေးတစ်ခုကိုဖတ်မိပြီး ရေးလိုက်မိတဲ့ short story မလို့ စာတိုလေးကိုရေးတဲ့ မူရင်းရေးသူကို Fully Credit ပေးပါတယ်။ storyline ကတော့ အန်နာ့စိတ်ကူးသက်သက်ပါ။ short story မလို့ ရေးနေကြတွေထက်လည်းပိုတိုမှာပါ။

— 🧸—

Stockholm, Sweden

ကော်ဖီအနံ့...သိပ်ကောင်းတဲ့ ကော်ဖီအနံ့လေး။ မိုခါးလား ? မဟုတ်သေးပါဘူး။အမေရိကာနိုဖြစ်ဖို့ကျတော့လည်း ချိုမြတဲ့အနံ့သိပ်မပါဘူး။ဘာအမျိုးအစားမလို့ အနံ့လေးရရုံနဲ့တောင် နွေးထွေးသွားသလိုခံစားရစေတာလဲ။

ဘယ်ဆိုင်ကများလဲ။ဒီနားမှာ cafe ဆိုင်တွေကလည်း ပေါပါဘိနဲ့။ တစ်ဆိုင်ပြီးတစ်ဆိုင်သာဖြတ်လာတယ်...ရှာနေတဲ့ကော်ဖီနံ့ရတဲ့ဆိုင်ကိုရှာမတွေ့သေးဘူး။

Humm ? 𝙠𝙖𝙛é 𝙢𝙚𝙙 𝙣𝙖𝙡𝙡𝙚𝙗𝙟ö𝙧𝙣 𝙘𝙖𝙛𝙚 𝙨𝙝𝙤𝙥 ? ထူးဆန်းတဲ့နာမည်ကနည်းနည်းတော့ အူကြောင်ကြောင်နိုင်...ခဏ.. ကော်ဖီနံ့ကဒီဆိုင်ကလာတာမလား !

ဒါပေမယ့် ဆိုင်နာမည်နဲ့လိုက်အောင် အညိုရောင်ခြယ်ထားတဲ့အပြင်ပိုင်း၊ဆိုဒ်စုံဝက်ဝံရုပ်လေးတွေက ဆိုင်အဝင်ဝမှာစီးကြိုနေတဲ့ပုံစံ နဲ့ ဆိုင်နာမည်ကိုလည်း အညိုရောင် သစ်သားပြားပေါ်မှာပန်းစာလုံးနဲ့ထွင်းထားတယ်...နည်းနည်းကြာနေတဲ့ပုံပေါ်ပေမယ့် ချစ်ဖို့ကောင်းပြီး အညိုရောင်တွေကြောင့် နွေးထွေးတဲ့ပုံစံတော့ပေါ်သား။

ခဏလောက်ဝင်ကြည့်ရင် အချိန်တော့သိပ်မကြာလောက်ပေမယ့်....

"Älskling...kom så går vi !"

ကျစ်...တကယ်ပါပဲ!

"Jag kommer !!"

ဟက်...ဝက်ဝံညိုလေးနဲ့ဆုံတွေ့ဖို့ကံမပါဘူးထင်တယ်။သွားရတော့မယ်။ နမြောစရာတော့ကောင်းသား..ဆိုင်လေးကချစ်ဖို့ကောင်းနေတာကို။ကော်ဖီအနံ့ရရုံနဲ့ သောက်ဖူးချင်တဲ့ ကော်ဖီလေးတောင်မြည်းမသောက်ရတော့ဘူး။

ဘယ်တတ်နိုင်မလဲ။ ထပ်ပြီး ဘယ်နှနှစ်လောက်ကြာဦးမလည်း မသိပေမယ့် အခွင့်အရေးရရင်တော့ ပြန်လာခဲ့မယ်။ဆိုင်မပိတ်သွားဖို့ ဒါမှမဟုတ် တစ်ခြားနေရာကိုပြောင်းမသွားဖို့တော့ မျှော်လင့်လို့ရပါ့မလား..

Teddy Bear  : Yunki [ Short Story ] Where stories live. Discover now