Unicode
လေညင်းတစ်ချက်တိုက်ခက်သွားတာမို့ ကျွန်မဆံနွယ်တွေဟာလေဟာနယ်ပေါ်ကိုဝဲတတ်သွားသည်။မျက်စိရှေ့ကျရောက်လာတဲ့ဆံပင်တွေကိုသပ်တင်ကာနားကြားထဲသို့ထိုးသွင်းလိုက်တယ်။စာရွက်အဖြူပြောင်လေးပေါ်မှာ အနက်ရောင်ဖျော့ဖျော့လေးတွေတင်သွားအောင်ရေးဆွဲရတာကိုကြိုက်နှစ်သက်သည်မလို့ ဒီလိုညနေခင်းတွေရောက်တိုင်း စာရွက်လေးတစ်ရွက်၊ခဲတံတချောင်းနဲ့ ဒီပန်းခြံလေးမှာပုံဆွဲနေတတ်သည်။
ဘေးနားမှာရောင်းနေသည့် အသည်မှဟော့ဒေါ့အနံ၊ကလေးတွေပြည့်နှံ့နေတဲ့ အာတာပူစီဆိုင်ကလေး ပြီးတော့ဆော့ကစားသံလေးတွေဟာချစ်စရာဖွယ်။ကျေးငှက်လေးတွေတဲ့တကျိကျိနဲ့အော်တဲ့သံလေးတွေကြောင့် ကျွန်မပုံဆွဲရတာဟာပိုအသက်ဝင်လျက်။နေရာအစုံဝေ့လဲကြည့်ရင်း တစ်နေရာလေးမှာကျွန်မမျက်လုံးအစုံဟာရပ်သွား တော့သည်။
နက်မှောင်နေတဲ့ ကတ္တရာလမ်းရဲ့ဘေးနား၊တောက်ပြောင်နေသည့်မှန်ချပ်ကြီးတွေအပြည့်တပ်နှံထားတဲ့ အထပ်မြင့်တိုက်တွေရဲ့မျက်နှာချင်းဆိုင်၊ဒီပန်းခြံရဲ့အရှေ့တည့်တည့်လောက်က Magnoliaပန်းတွေဝေဆာနေတဲ့သစ်ပင်အောက်ကကောင်မလေးစီကို မျက်တောင်တစ်ချက်ခတ်ပစ်ဖို့ထိကိုပင်မေ့လျော့စွာငေးကြည့်နေမိသည်။နေပူသည်လဲမဟုတ်မိုးအုံ့သည်လဲမဟုတ်တဲ့ ရာသီဥတုလေးကြောင့်လေညင်းတွေဟာတိုက်ခက်မြဲတိုက်ခက်စဲ။
သူမရဲ့ခွေးလေးနဲ့ဆော့ကစားနေသည့်အချိန်မှာတိုက်ခတ်သွားတဲ့လေညင်းလေးကြောင့် Magnoliaပန်းရောင် ပွင့်ကလေးတွေဟာသူမခြေဖဝါးနားသို့ဆင်းသက်သွားလေရဲ့။သူမရဲ့ရွှေဝါရောင်ဆံနွယ်နုနုလေးတွေဟာလဲလေထဲလွင့်စင်သွားခဲ့တယ်။နေရောင်ခြည်ဟာကွက်ကြားကွက်ကြားကျရောက်နေပြီးသူမဆံနွယ်လေးပေါ်ကိုတောက်ပြောင်စွာကျရောက်လို့နေသည်။သိပ်လှတဲ့သူမကြောင့် ကျွန်မမျက်နှာမှာလဲအပြုံးလေတွေဝေဆာသွားခဲ့ပါသေးသည်။
ခွေးလည်ပတ်ရဲ့ကြိုးလေးကိုဆွဲကာ ထွက်သွားတဲ့သူမကိုလမ်းလေးတဆုံး၊မျက်စိလေးထဲပုံရိပ်မျှင်မျှင်မြင်ရတော့သည်အထိငေးမောကြည့်နေခဲ့မိသည်။သူမ မသိပင်မဲ့ကျွန်မမှတ်ဥာဏ်ထဲမှာခုနကပုံရိပ်လေးဟာ သိပ်လှတဲ့ပုံရိပ်အဖြစ်ထင်ကျန်နေခဲ့တယ်ဆိုတာကိုဘဲ။
ဆင်းသက်နေသည့်မျက်နှာပေါ်ကအပြုံးလေးတွေ ပျော်မြူးနေတဲ့စိတ်တို့ကိုရင်မှာပိုက်ပြီး သူမနဲ့ဆန့်ကျင်ဘက်လမ်းဖြစ်တဲ့ ကျွန်မနေတဲ့အိမ်ကလေးကိုပြန်လာခဲ့လိုက်သည်။ဒီအိမ်ပြန်လမ်းဟာ သိပ်ကိုလှပခဲ့ပါတယ်။
YOU ARE READING
Magnolia
Fanfiction'တို့ကို စိတ်ပူနေတာလားပတ်ချယ်' 'ဟင့်အင်း စိုးရိမ်နေတာ' 'တူတူဘဲမဟုတ်လား' 'မတူဘူးလေ စိတ်ပူတယ်ဆိုတာကနှုတ်ဖျားက စိုးရိမ်တယ်ဆိုတာက နှလုံးသားထဲက' (Uni+Zawgyi)