☕🍁🌷

405 27 0
                                    

Background music_
Lany//Where did we go wrong?


ဆူးလ်ဂီကား​ပေါ်ကဆင်းပြီး ဒီမြို့​လေးကို​ခြေချလိုက်တော့ မနက်​ဝေလီ​ဝေလင်းအချိန်။ကား​ပေါ်မှခရီးသည်မှာ ဆူးလ်ဂီအပါအဝင်​ခြောက်​ယောက်ပဲကျန်တယ်။ဒီမြို့ကလူ​တွေကို ဆူးလ်ဂီလည်းမသိသလို ဒီမြို့ကလူ​တွေကလည်းဆူးလ်ဂီကိုမသိပါ။

ဒီမြို့ကဆူးလ်ဂီတို့မြို့ထက်စာရင်အ​တော်​အေးတယ်။မြူနှင်းခပ်ပါးပါးကျ​နေပြီး အ​ဝေး​ပြေးကားဝန်းထဲမှာလူကအ​​တော်ကျဲသည်။လမ်းမီးတိုင်ဝါကျင်ကျင်အလင်း​ရောင်က ဆူးလ်ဂီကိုပို၍လမ်း​ပျောက်​စေတယ်။
၂၄နာရီဖွင့်တဲ့တည်းခိုခန်းကိုရှာပြီး ​သေချာအနားယူလိုက်ရမလား။ဒါမှမဟုတ် မနက်အ​​​​စောပိုင်းဖွင့်တဲ့
Coffeဆိုင်မှာထိုင်ပြီး ဒီမြို့ရဲ့​နေထွက်ချိန်ကိုထိုင်ကြည့်ရမလား။

​ကျောပိုးအိတ်ကို​ကျောမှာသေချာလွယ်ပြီး အ​ဝေး​ပြေးကားဝင်းထဲမှထွက်လာလိုက်တယ်။
ဖုန်းထဲကGoogle mapရဲ့​ကျေးဇူး​ကြောင့်အနီးဆုံးရှိ​ကော်ဖီဆိုင်ကို​ချော​ချော​မွေ့​မွေ့​​ရောက်သွားတယ်။
Taxiအနည်းအကျဥ်းကို​တွေ့​သော်လည်း ဆူးလ်ဂီလမ်းသာ​လျှောက်ချင်တာ​ကြောင့် မစီးဖြစ်ခဲ့။

​၂၅မိနစ်​လောက်လမ်း​လျှောက်ပြီး​တော့​ကော်ဖီဆိုင်ကို​ရောက်လာခဲ့တယ်။မြူနှင်း​တွေကျ​နေတုန်းပဲဆို​ပေမယ့် ​နေ​တော့အနည်းငယ်ထွက်လာသည်။
ဆိုင်ထဲကအပြင်ကို​သေချာမြင်ရတဲ့​​နေရာမှာဆူးလ်ဂီဝင်ထိုင်လိုက်တယ်။မနက်အ​​စောပဲရှိ​သေးတာ​​ကြောင့် ဆိုင်ထဲမှာလူမရှိ။

"ဘာများသုံး​​ဆောင်မလဲရှင်"

"Cappuccinoတစ်ခွက်​ပေးပါ Expresso​လျှော့ပြီးသကြားနှစ်ဆထည့်​ပေး​နော်"

သိပ်များမကြာလိုက်ပါ Cappuccinoကသူမအ​ရှေ့ကို​ရောက်လာသည်။
​ကျောပိုးအိတ်ထဲကဖုန်းနဲ့နားကြပ်ကိုထုတ်လိုက်ပြီး
Lanyရဲ့Where did we go wrongသီချင်းကိုနား​ထောင်ကာ ​ကော်ဖီကိုတစ်ငုံစာ​သောက်လိုက်တယ်။

​နေ​ရောင်ကတစ်ဖြည်းဖြည်းနဲ့​ကော်ဖီဆိုင်ထဲသို့ထိုးကျလာတယ်။​ဆိုင်ကမှန်​တွေနဲ့မို့ ​နေရာင်ဖြာကျလာပုံကိုအ​သေးစိတ်မြင်ရသည်။​ကော်ဖီတစ်ခွက်လည်း ကုန်လုနီးပါဖြစ်​နေပြီ။​ဘောင်းဘီ​ဘေးအိတ်ထဲက​ဆေးလိပ်ဗူးကိုထုတ်ပြီး ​ဆေးလိပ်တစ်လိပ်ယူလိုက်တယ်။မီးခြစ်မပါသည်မို့ ဆိုင်ရဲ့ဝန်ထမ်း​ကောင်မ​​လေးကိုအကူအညီ​တောင်းရသည်။

Because I care about youWhere stories live. Discover now