Part.14

5K 473 8
                                    

Love💜Part.14

ဂျွန်နဲ့ချစ်သူဖြစ်ပြီးတစ်ပတ်အကြာဂျွန်ကသူ့မိဘတွေကိုဖွင့်ပြောမလို့ကျွန်တော်ကိုခေါ်ကာသူအိမ်ကိုခေါ်သွားသည်။

ကျွန်တော်ကစာလွန်းသေးတယ်ပြောတာကိုဂျွန်က..
သူ့ကိုကျွန်တော်ကထားခဲ့လို့မရအောင်မိဘတွေကိုသက်သောပြမှာတဲ့။

ကျွန်တော်လည်းကျွန်တော့မိဘတွေဆီကိုနောက်တစ်ပတ်ခေါ်သွားဖို့စီစဥ်ထားသည်။

ဂျွန်ကိုသူ့အချစ်ကိုသံသယ၀င်မှာမလိုလားဘူး။

ကျွန်တော်ဂျွန့်ကိုဘယ်လောက်ချစ်လဲဆိုတာကျွန်တော်နှလုံးသားကသိပါသည်။

Jeonကလက်တစ်ဖက်ကကားကိုကျွမ်းကျင်ပိုင်နိုင်စွာမောင်းနေသည်။

ကျန်လက်တစ်ဖက်ကကျွန်တော့လက်ကိုကိုင်ကာတသ်ချက်တစ်ချက်ကားမောင်းနေရင်းနမ်းလိုက်သေးသည်။

သူ့ရဲ့အပြုအမှုသေးသေးလေးကကျွန်တော့နှလုံးသားကိုလှုပ်ကိုင်စေသည်။

'ဂျွန်..'

'ဗျာ..'

'နောက်တစ်ပတ်ထယ့်မိဘတွေနဲ့ပေးတွေ့ပေးမယ်။
ချစ်သူတွေဆိုသာလည်းဖွင့်ပြောမယ်။ '

'ထယ်အတွက်အဆင်မပြေသေးရင်မလုပ်လည်းရပါသည်။နောက်တော့မှဖြည်းဖြည်းချင်းပေါ့။ကိုယ့်မိဘတွေကအလိုလိုက်ပြီးသား။ထယ်နဲ့ကစာစသင်ကတည်းကအိမ်ကမိသားစု၀င်နဲ့အကျွမ်းတ၀င်ရှိတယ်လေ။ '

ဂျွန်ကသူ့ကိုသိပ်တွေးပေးတတ်တာ။

'ဟင့်အင်း..ထယ်ကိုတိုင်လိုလိုလားလားပဲ။ထယ့်မိဘတွေကချုပ်ချယ်ထားတာမျိုးရယ်မရှိဘူးလေ။ '

'ဒါပေမယ့်ကိုယ်ဆိုးတာထယ့်မာမီကသိတယ်လေ။ '

မျက်နှာလေးညိုးကျသွားတဲ့နေတဲ့ဂျွန်။

ကျွန်တော်စာသင်တဲ့တစ်လျှောက်လုံးမျက်နှာညိုးတာမတွေ့ဖူးပါ။

'ထယ်စာလာသင်ဖြစ်တာလဲမေမေတိုက်တွန်းတာလေ။မေမေကဂျွန့်ကိုလိမ္မာပြီးတော်စေချင်တာရယ်။ '

'ကိုယ်နောက်တစ်ပတ်လိုက်တော့မယ်ဗျာ။စိတ်လှုပ်ရှားနေတာ။ '

Love [Completed]Where stories live. Discover now