Part - {53}

1.8K 188 5
                                    

အီဗန်က နားမလည်သလို ပြန်မေးလာတဲ့အခါမှာတော့ ကျွန်တော့်ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားတယ်။ ဒါမျိုးက အချစ်မဟုတ်ဘူးဆိုပြီး ပြတ်ပြတ်သားသား ပြောဖို့ကိုလည်း ကျွန်တော် ယုံကြည်ချက်မရှိဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်လည်း အချစ်ဆိုတာကို နားမလည်သေးဘူးလေ။ အဲဒါကြောင့် ကျွန်တော် ဘာမှဆက်မပြောနိုင်တော့တဲ့အချိန် အီဗန်က ပြန်ဖြေလာတယ်။

“ကိုယ်က အခြားလူတစ်ယောက်ကို ပျော်ရွှင်စေချင်တယ်ဆိုရင် အဲဒါအချစ်ပေါ့။”

“…အင်း”

အီဗန်က ကျွန်တော် အရင်တုန်းက ပြောခဲ့ဖူးတာကို ပြန်မှတ်မိသွားတဲ့ပုံပဲ။ အဲဒါက တကယ့်ကို အမှတ်တရကောင်းလေးတစ်ခု ဖြစ်ခဲ့တာပဲ။ ကောင်းပြီလေ။ အချစ်ဆိုတာ ဘာလဲဆိုပြီး မေးပြီးတဲ့နောက် သူက မရေရာ၊ မသေချာတဲ့ အချစ်ရဲ့အဓိပ္ပါယ်ကို သွားသတိရသွားတာပေါ့။ တွေးကြည့်မှ အဲဒီ့တုန်းက အီဗန် ဘာပြန်ပြောခဲ့ပါလိမ့်?
(T/N : Part 17မှာ ပြောခဲ့တာပါ။)

“ငါလည်း ဟေးလ် ပျော်ရွှင်နေတာကို သဘောကျတယ်။ ငါ ဟေးလ်ကို ပျော်ရွှင်စေချင်တယ်။”

“Hey ပျော်ရွှင်မှုဆိုတာက…”

ကျွန်တော့်မှတ်ဉာဏ်ထဲက အီဗန်ရဲ့ နီရဲရဲ နှုတ်ခမ်းသားတွေနဲ့ လက်ရှိ အီဗန်ရဲ့ နှုတ်ခမ်းသားတွေက ထပ်တူကျသွားတယ်။ အဲဒီ့တုန်းက အီဗန်က ပြန်ဖြေခဲ့တယ်၊ “ငါဟေးလ်နဲ့အတူ ရှိချင်တယ်၊ အမြဲတမ်း”ဆိုပြီးတော့ပေါ့။ အဲ့ဒီ့တုန်းက အီဗန်က မျက်နှာအမူအရာမကောင်းပဲ ရိုမန့်တစ်ဆန်တဲ့ စကားတွေ ပြောနေခဲ့လို့ ကျွန်တော် အံ့အားသင့်ခဲ့တာလေ၊ ချက်ချင်း ပြန်မှတ်မိတာပေါ့။ အဲ့ဒီ့အချိန်တုန်းကတော့ ကျွန်တော် အီဗန်က မိသားစုမရှိလို့ ဒီလိုဖြစ်တာထင်ပြီး သနားခဲ့ဖူးတယ်။

အီဗန် : “အမြဲတမ်း၊ ငါတစ်ယောက်တည်းရဲ့ ဘေးမှာပဲ”
(T/N : အီဗန်က အပေါ်က ပြောလက်စကို ဆက်ပြောတာပါ)

ဒါပေမဲ့ အခုတော့ မတူတော့ဘူး။

အီဗန် : “ဒါက အချစ်ပဲပေါ့”

ကျွန်တော် ချွေးတွေ ချွဲနစ်နေပြီး လက်ဖဝါးကလည်း စေးကပ်နေပြီ။ သူက စကားဆက်ပြောဖို့ ပြင်နေပြီ။ နောက်ထပ် ဘယ်လိုစကားတွေ ကြားရအုန်းမှာလဲ? ကျွန်တော့်ရဲ့ ပူပန်မှုကြောင့် ခန္ဓာကိုယ်က ယိမ်းယိုင်သွားတယ်။ ကျွန်တော် မျက်နှာအမူအရာ ထိန်းထားရမယ်ဆိုတာကိုတောင် မေ့နေတာ ကြာနေပြီ။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Où les histoires vivent. Découvrez maintenant