Unicode

975 74 39
                                    

" Jisung nah အဲ့မှာဘာထိုင်လုပ်နေတာလဲ "

ရပ်ကွက်ထဲမှကလေးကစားကွင်းရှိ ဒန်းပေါ်တွင် မကြီးမငယ်ဖြင့် ထိုင်နေပါသော Jisung ကို Felix ပြောလိုက်သည်။ သူ့ ( Felix ) ခမျာ ကျောင်းသွားဖို့လာခေါ်တာ အိမ်ကနေအစောကြီးထွက်သွားသည်ဆို၍ ထူးထူးဆန်းဆန်းအံ့ဩနေရသေးသည်။ နေဖင်ထိုးမှအိပ်ရာထပြီး ကျောင်းနောက်ကျတတ်လို့ Jisung အိမ်ကိုတကူးတကလာခေါ်ရတာအလယ်တန်းကတည်းက။

အခု အထက်တန်းဒုတိယနှစ်ရောက်တဲ့အထိ အဲ့အကျင့်ကမပြင်သေး။ ကျောင်းကိုကတိုက်ကရိုက်နဲ့ သွားရတဲ့ရက်ပေါင်းက လက်ချိုး၍တောင်မရေနိုင်။ ဒါကိုသကောင့်သားက တခါတလေ ကျေးဇူးမတင်ဘဲ နှိပ်စက်တတ်သေးသည်။

" Han jisung ...... ကျောင်းမသွားဘဲဘာလုပ်နေတာလဲ "

ဝိဉာဉ်လွင့်နေသူတစ်ယောက်လို ငေးငိုင်‌နေရင်း ဒုတိယတစ်ခေါက်ခေါ်မှ အလန့်တကြားခေါင်းလှည့်လာသည်။ ဟမ်!!! ဘုရား...ဘုရား
လှည့်လာသူကိုမြင်လိုက်ချိန် Felix ဘုရားတသွားရသည်။ လိပ်ပြာတောင်လွင့်မတတ်ဘဲ။

" မင်းမျက်နှာကြီးဘာဖြစ်နေတာလဲ!! .... မျက်လုံးတွေလည်းရဲလို့ ။ ငိုထားတာလား "

" အီးးးးဟီးးးးး အီးးးး "

ပြောကာမှပိုဆိုးသွားသည်။ မျက်ရည်ဘူးသီးလုံးလောက် တစ်ပေါက်ပေါက်ကျလာကာ နှာရည်တွေပါစီးဆင်းလာသည်။ Felix တကယ်စိတ်ညစ်သွားပြီ။ ဘေးနားကဖြတ်သွားဖြတ်လာသူတွေကတောင် အထူးအဆန်းလှည့်ကြည့်သွားကြသေး။ ခေါင်းကိုတဗြင်းဗြင်းကုတ်ကာ ငိုနေသူရှေ့ သွားရပ်လိုက်သည်။

" ရားရား တိတ်တော့!   ဘာဖြစ်ပြန်တာလဲ ။ အိမ်ကနေတောင်အစောကြီးထွက်လာပြီး ဒီမှာသောင်တင်နေရအောင် "

လက်ကိုင်ပုဝါအဖြူလေးကလည်း ရစရာမရှိတော့။ နှပ်တွေမျက်ရည်တွေကြားအလူးအလဲ။ Jisung ရဲ့မျက်လုံးမှေးမှေးလေးတွေတောင် ဖောင်းအစ်ပြီးရဲတွတ်နေပြီ။ ဒီတစ်ခါတော့ကိစ္စကြီးတဲ့ပုံပဲ။ ဒီလောက်ငိုနေပုံထောက်ရင်။

" ကိုကိုရက်စက်တယ်ကွာ...."

ထင်ပါသည်။ ထင်ပါသည်။ သူတို့၏ သမီးရည်းစားကိစ္စပဲဆိုတာ ။ ဘာမဟုတ်သည့်အ‌သေးအမွှားလေးတွေကိုတောင် ရစ်တတ်သည့် Jisung ကို သည်းခံနိုင်သည့်ထိုလူကြီးကိုပဲ လေးစားပါသည်။

Bitting Your Cheeks  // Minsung Where stories live. Discover now