နီရဲနေသောမျက်လုံးများနဲ့အတူထယ်ယောင်းနိုးထလာသည်။ ရေချိုးခန်းဝင်ပြီးတော့ထွက်လာသည်နှင့်ရှာမိတာကသူ့ရဲ့ကိုကို။
" ကိုကို~"
ထယ်ယောင်းရဲ့အကျင့်သည်မနက်လင်းတာနဲ့ဟင်းချက်နေသောဂျောင်ဂုရဲ့ခါးကိုဖတ်တွယ်လိုက်ရမှနိုးထခြင်းမည်သည်။
ယခုလည်း။ မီးဖိုခန်းဝင်နေတဲ့ဂျောင်ဂုခါးကိုဖတ်ရင်းပုခုံးပေါ်မေးတင်ထားလိုက်သည်။
ဂျောင်ဂုကတော့သူ့အလုပ်ကိုသာဆက်လုပ်နေပြီးထယ်ယောင်းကိုလျှစ်လျှုထားလိုက်၏။
" စားလို့ရပြီ"
" ဟင် ပေါင်မုန့်အလွတ်ကြီးနဲ့နွားနို့လား။"
" မစားချင်မစားနဲ့။"
" မဟုတ်ပါဘူး။ ကျွန်တော်စားမှာ ကျွန်တော်ကြိုက်တယ်။ ဝါး~ နွားနို့လေးကမွှေးနေတာပဲ။"
ညိုငြင်မှာဆိုး၍ သူမကြိုက်သော နွားနို့ကိုတောင်မွှေးတယ်ဆိုနေသူအား ကြည့်ရင်းဂျောင်ဂုမသိမသာခိုးပြုံးမိသည်။
တကယ်တော့။ ထယ်ယောင်းကိုပေါင်မုန့်အလွတ်ကျွေးသည်က မနေ့ညက ထယ်ယောင်းစားတဲ့ကိတ်များသည်အချိုပျင်းလွန်း၍။မတည့်မှာဆိုးလို့ပေါင်မုန့်ကိုသာကျွေးခြင်းဖြစ်သည်။
" ဒါနဲ့ ဒီနေ့ ကိုကိုထူးစမ်းနေတယ်"
" ဘာကိုလဲ"
ဂျောင်ဂုရဲ့ခေါင်းစခြေဆုံးကိုမျက်မှုန်ကုတ်ကြည့်ရင်းပြောလိုက်သည်။
ယနေ့ဂျောင်ဂုသည်။ T shirt အဖြူကိုမှ pants အပြဲနည်းနည်းပါသော outfit ကိုဝတ်ထားခြင်းကြောင့်။ ဂျောင်ဂုကိုဒီလိုပုံမျိုးနဲ့မမြင်ဘူးတဲ့ထယ်ယောင်းအတွက်ထူးစမ်းလို့နေသည်။
" ကိုကိုက အဲ့ဒီ့ pants ကိုဘာကိစ္စဝတ်ထားတာလဲ အသက်ကြီးပြီကို"
"ဘာရယ်!"
" အာ မဟုတ်ဘူးမဟုတ်ဘူး။ ကျွန်တော်ပြောချင်တာက ကိုကို့အတွက် ဘယ်လိုပြောရမလဲ ဟွာလေ ကျစ်*! အဲ့တာဘာလဲ။"
" ကဲတော်ပြီ။ ဒီအဝတ်စားက အသိမိတ်ဆွေက သူ့တိုကုမ္ပဏီထုတ်မလို့လက်ဆောင်ပေးထားတာ။ မဝတ်ပဲထားရင် Brand တွေကိုနှမျောလို့ထုတ်ဝတ်တာ။"