"ခမည်းတော်တို့သားပြန်ရောက်ပီ"
Haruto အိပ်ဝမှာဖိနပ်ချွတ်ရင်း အဖေနှစ်ယောက်ကိုလှမ်းအော်လိုက်ပါ၏..."Ruto ya...ပြန်ရောက်ရင် မင်းပါးပါးကိုကူလိုက်အုံး"
"ဗျာ? Appaက ဘာလို့မကူတာလဲ"ဇာတ်ကားကြည့်နေတဲ့ Jihoon appaကိုမေးခွန်းထုတ်မိတော့မဖြေ...
"စိတ်ကောက်ထားကြပြန်ပီလား?""အော် သားပေါက်စ...ပြန်ရောက်ပီလား?"
"Nae ပါပါး"ပါပါးက appaကိုစကားမပြောပဲ မီးဖိုခန်းထဲဝင်သွားသည်မို့ Hyunsuk ပါပါးကိုတစ်လှည့် Jihoon appaကိုတစ်လှည့်ကြည့်ရင်းအခန်းထဲဝင်လိုက်သည်
'ငါအတန်းသွားတက်တုန်း ဘာတွေလွတ်သွားတာလဲဟ'
အဝတ်အစားလဲပီးသည်နှင့် ညစာပြင်နေသည့် Hyunsuk ပါပါးနားသွားကာ လုပ်ကူနေရသည်
အရင်က Jihoon appa လုပ်နေကြပေမဲ့ သူတို့ကကောက်တော်မူနေတော့ Haruto ဝင်လုပ်ရသည်လေ
"ပါပါး "
"မင်း appaနဲ့ဘာဖြစ်ထားတာလဲကလွဲရင် ကြိုက်တာမေးလို့ရတယ်"
"ဟာဗျာ အဲ့တာမေးမလို့ကို...ဘယ်လိုကြိုသိနေတာလဲ"
"ငါမင်းအဖေပါကွာ"ပါပါးမြင်အောင်နှုတ်ခမ်းဆူပြလိုက်တော့ ပါပါးကရယ်သည်
ပါပါးထက်ခေါင်းတစ်လုံးနီးပါးမြင့်နေတဲ့သူ့ကိုမရရအောင် ဆံပင်လှမ်းဖွသည်...
"ပါပါးကလဲ သားကလေးမဟုတ်တော့ဘူး ဘာလို့ဆံပင်ဖွနေတာလဲ?"
"ကလေးမဟုတ်ရင် မင်းအခန်းထဲက အရုပ်တွေသိမ်းလိုက်ပီး မိဘမဲ့ဂေဟာလှူလိုက်တော့မယ်နော်"
"ပါပါး!!"မျက်လုံးလေးတွေမှိတ်သည်အထိပြုံးရယ်နေတဲ့ ပါပါးကိုအတင်းဖက်ကာ...
"သားကိုပြောပြလို့ ...appaနဲ့ဘာဖြစ်တာလဲလို့"
"ဒီလိုပါပဲ မနေ့ညက အိမ်ပြန်နောက်ကျတာနဲ့ပတ်သတ်ပီးသတ်ထားတာ.."
"ဟင်? ဒါနဲ့ပါပါးက ဘယ်လိုချော့ရင်စိတ်ဆိုးပြေမှာလဲ?"
"မင်းက ငါ့ကိုမေးပီး မင်း appaကိုသွားပြောမယ်ပေါ့လေ"
"ပြောစရာလား သူ့ဘာသာအဆူခံရတာ သူ့ထိုက်နဲ့သူကံလေ သားက ပါပါးကိုပျော်စေချင်လို့ပေျာ်ေအာင်လုပ်ေပးဖို့မေးတာ"
"အွန်းးး chocolate cakeနဲ့ Americano သွားဝယ်ပေးရင်တစ်မျိုးပေါ့.."
"အော်အော် ခနနော် ပါပါး "
YOU ARE READING
TREASURE Tiny Stories
FanfictionStory ပိစိသေးသေးလေးတွေကို shipအထူးဆန်းလေးတွေနဲ့စုံနေအောင်ရေးသွားမှာပါ...🍀 OTPအစွဲရှိရင် လုံးဝမဖတ်ပါနဲ့ရှင့်❌