Adoration

1K 89 0
                                    


အီဟီဆွန်း

အီဟီဆွန်း

ဂျုံဆောင်းရဲ့ ဒိုင်ယာရီစာမျက်နှာတိုင်းမှာ ထိုလူက နေရာယူထားသည်။ကိုယ့်ဘက်က နက်ရှိုင်းတာကိုလည်း ထိုသူမသိ။နှောင်ကြိုးတွေနဲ့ ရစ်ပတ်ချင်နေတာကိုလည်း မသိပြန်ဘူး။ထိုသူ့ဘက်ကတော့ ရိုးရိုးသားသား ၊အရမ်းချစ်ဖို့‌
‌ကောင်းတဲ့ ညီလေးတစ်ယောက် အကို ရထားသလိုပဲ ဆိုပြီး တားထားတဲ့ စည်း။

အကိုရဲ့ လက်ထပ်ပါတော့မယ်ဆိုတဲ့ သတင်းက
ကျွန်တော့်ရဲ့နားထဲ ရောက်လာချိန်မှာ ရင်ဘတ်ထဲက နာလိုက်တာများ။ဒီလူသားကို ငါတကယ် မပိုင်ရတော့ပါလား ဆိုပြီး နာကျင်နေလိုက်တာ။

'ကိုယ့်ဘဝမှာ မင်းပဲ ရှိတာ'

ဒီစကားကို ဘာမှ မဖြစ်သလို ပြောခဲ့သူဟာ တာဝန်လည်း ယူမဲ့ပုံမပေါ်။

'ညီအစ်ကိုလို' ဆိုတဲ့ သံယောဇဉ်ကြိုးနဲ့ မဟုတ်ဘဲ တစ်ကြိမ်တစ်ခါလောက်သာ သူ့အပိုင်အဖြစ်နဲ့ ချည်နှောင်လို့ရခဲ့ရင် ဖြေသိမ့်မှုလေးတော့ ရတန်ကောင်းရဲ့။

ညက အကို့ကြောင့် ရှည်လျားခဲ့သည်။အကိုကြောင့် ငို‌ခဲ့ရတဲ့ ကျွန်တော်ဟာ 8နာရီမှသာ နိုးသည်။ငိုထားလို့ ရောင်နေတဲ့ မျက်လုံးတွေကြောင့် လန်းသွားရန် ရေချိုးလိုက်တော့ မသိသာတော့။

အောက်ထပ်ကို ဆင်းလိုက်တော့ ဧည့်ခန်းမှာ အမေနဲ့ စကားပြောနေတဲ့ အကို။အကိုတို့ မိသားစုနဲ့ ဂျုံဆောင်းတို့ မိသားစုသည် ရင်းနှီးကြရုံသာမက စီးပွားရေးနယ်ပယ်မှာ ဒီမိသားစုနှစ်ခုကပဲ ဦးဆောင်နေကြတာ။

အကိုကတော့ ဆေးပညာနဲ့ နိုင်ငံခြားမှာ ကျောင်းပြီးထားသည့်အပြင် ကိုယ်ပိုင်ဆေးရုံတည်ထောင်ထားတဲ့ တောင်ကိုရီးယားမှာ အငယ်ဆုံး ဆေးရုံအုပ်။

အကိုဟာ အကို့အိမ်ရဲ့ လောင်းရိပ်အောက်မှာ ရှိတယ်လို့ ပြောလို့ ရသလို မရှိဘူးလို့လည်း ပြောလို့ရပြန်ရော။

အကို့ရဲ့ အိမ်နဲ့ထိ အတိုက်အခံလုပ်ပြီး ဆေးပညာကို သင်ယူခဲ့တာမို့ အကိုဟာ ခေါင်းမာတဲ့ လူစားထဲ ပါသည်။

ဒါပေမဲ့ အကို့ရဲ့ အိမ်က အစကသာ စီးပွားရေးဘက်ကို အကို့ကို တွန်းပို့ခဲ့ချင်‌သော်လည်းနောက်ပိုင်း အကို့ရဲ့ ခွဲစိတ်မှုတွေနဲ့ ကုသမှုတွေကြောင့် အကို့ ဆေးရုံဟာ ပိုတောင် နာမည်ကြီးလာတော့ အကို့ရဲ့အိမ်က ပြန်ကြည်ဖြူသွားကြသည်။

AdorationWhere stories live. Discover now