Part 11 🍀

4K 269 17
                                    

  '' အစ်ကို !!. ..''

'' အင်း....''

စည်း ဆီ အကြည့်ရောက်မလာပဲ အစ်ကိုက ဖုန်းကိုကြည့်ကာ စာရိုက်ပို့နေသည်။ သူ့ဘက် လှည့်ကြည့်မလာတာကြောင့် စည်း မျက်နှာ မကောင်းတော့။

ညီက စကားထပ်မပြောလာတာကြောင့် သော်တာ ကောင်မလေးတွေနဲ့ စာပို့နေတာ ရပ်လိုက်ပြီး ကောင်လေးရှိရာဘက်  လှည့်ကြည့်လိုက်သည်။

ခုည အစ်ကိုက စည်းအိမ်မှာ ဒုတိယအကြိမ် လာအိပ်တာ၊ ချစ်သူ အနေနဲ့ဆို ပထမဆုံး လာအိပ်တာပေါ့။  ရောက်ကထဲက လိုင်းဖွင့်ပြီး စာတွေ ပို့နေတာ မရပ်သေး။ စည်းကို ချစ်သူဆိုတာ သတိရသေးရဲ့လား မသိ။

အတွေးပေါင်း သောင်းခြောက်ထောင်နဲ့ စည်းရင်ဘတ်ထဲ ချဥ်စူးတတ်လာ၏။ စည်း တွေးခဲ့တာ၊အစ်ကို လာအိပ်မယ်ဆိုတော့ နှစ်ယောက် ပိုနီးကပ်စွာနဲ့ အတူတူ ရှိနေရမှာ ဆိုသည့်အတွေးဖြင့်  ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ရတာ။

အိပ်ယာရဲ့ တစ်ဖက်ဆီမှာ လှဲအိပ်နေတာမို့ ညီ့ဘက်ခြမ်းကို သူမျက်နှာ လှည့်လိုက်တော့ နှစ်ယောက် က ပိုနီးကပ်သွားသည်။

သော်တာ ခေါင်းကို နည်းနည်း မ လိုက်ပြီးနောက် ခေါင်းအုံးကို အပေါ်သို့ တွန်းတင်လိုက်သည်။ ထို့နောက် ခေါင်းအုံးပေါ်ကို တံတောင်နဲ့ ထောက်လိုက်ပြီး လက်ဖဝါးပေါ်  သူ့ခေါင်းအား တစောင်းတင်ကာ ညီ့မျက်နှာကို  အုပ်မိုးနေသော အနေအထားဖြင့် ကြည့်လိုက်၏။

သော်တာက အချစ်ကြီးသည်။ ချစ်ရသူကို အသေးအဖွဲ့လေးတွေကအစ ကြည့်တတ်တာကြောင့် ညီ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေတာကို သူသိသည်။

ညီ အနားရှိနေတာကို တစ်ခြားသူတွေ နဲ့  စကားပြောနေတဲ့ သူ့ကြောင့်  ညီ ဝမ်းနည်းသွားတာကို  သူသိတာပေါ့။  ချစ်တယ် ပြောပြီး ခုလိုပစ်ထားရတာ အဓိပ္ပာယ် ရှိရဲ့လားလို့  တစ်ခြားသူတွေ ထင်မိကြမှာပဲ။

တကယ်က သူကြောက်သည်။ အရင် ဟန်နီနဲ့ ချစ်သူဖြစ်ခဲ့စဥ်က သူ သဘောအတိုင်း မိန်းကလေးရော ယောင်္ကျား လေး အသိမိတ်ဆွေ တွေကိုပါ သူ့ဘက်က အပေါင်းအသင်းမလုပ်နဲ့လို ပြောလာတာနဲ့ သော်တာ အပေါင်းအသင်းဆက်မလုပ်ပဲ ဟန်နီ သဘောထားကို အလေးအနက်ထားပြီး ချစ်ပေးခဲ့တယ် ။

 လတစ်စင်းနဲ့ချစ်ခြင်းနိဗ္ဗာန် (completed) 🍀😍 Nơi câu chuyện tồn tại. Hãy khám phá bây giờ