အပိုင်း - ၆၀ ( ဓားပြလုပ်တမ်း ကစားခြင်း )

4.6K 1K 176
                                    

အပိုင်း - ၆၀ ( ဓားပြလုပ်တမ်း ကစားခြင်း )

{ ဘယ်နားရောက်ရင် ရပ်ရကောင်းမှန်းတောင် မသိတော့တဲ့ပုံပဲ }

ဝမ်းလျိုနျဲန်မှာ အမြဲလိုလို ခံတွင်းမြိန်တတ်သူမို့ နေမကောင်းသည့်တိုင် ထမင်းဖြူ ပန်းကန်အကြီးတစ်ပွဲစာ အသာလေး စားဝင်နိုင်ဆဲဖြစ်သည်။ ထို့ကြောင့် "အမတ်မင်းဝမ်း  ထမင်းစားချင်စိတ် မရှိဘူးတဲ့"ဟူသော သတင်းအား ကြားရသောအခါ အားလုံးမှာ အံ့ဩသွားကာ သက်ပြင်းမောသာ ချကြနိုင်တော့၏။

အချစ်ဆိုတာ ဒီလိုမျိုးပါလား။ သူ့အစွမ်းက တကယ် အံ့မခန်းပါပဲလား။

တောင်ပေါ်ကို ခေါင်းဆောင်ကျောက်တက်သွားမှာဆိုတော့ ထမင်းစားချင်စိတ်တောင် မရှိတော့ဘူးတဲ့။ ဇာတ်လမ်းတိုလေးတွေထဲ ထည့်ရေးရလောက်အောင် နှလုံးသားထဲ ထိခတ်ကြည်နူးရပါပေတယ်။

စိတ်ဝင်တစားကြည့်လာကြသော အားလုံး၏မျက်ဝန်းများကြား ကျောက်ယွဲ့မှာ ဟင်းဘူးများကို တည်ငြိမ်စွာ ယူလိုက်သည်။ ထို့နောက် စားစရာအချို့ဖြည့်ကာ ခြံဝန်းငယ်ထဲ ပြန်သွားလိုက်၏။

အရိပ်တပ်သားများမှာ တကျွတ်ကျွတ်စုပ်သံများ ပြုလာကြလျက်။

ကျွတ်ကျွတ်ကျွတ်....လက်မထပ်ရသေးတာတောင် ဒီလောက်ထိ ချစ်ကျွမ်းဝင်နေကြတာ၊ နောက်နောင်ကျ ဘယ်လိုတောင်များ အဖြစ်ပိုသည်းကြမလဲနော်။

****

ဝမ်းလျိုနျဲန်မှာ စားပွဲနားထိုင်နေလျက်ရှိကာ ကျောက်ယွဲ့ဝင်လာသည်ကို မြင်သောအခါ အနည်းငယ်အံ့အားသင့်သွား၏။

"ညစာ သွားမစားဘူးလား"

"ညစာစားဖို့ လာတာလေ"

ကျောက်ယွဲ့က စားပွဲပေါ်သို့ ဟင်းဘူးများ တင်လိုက်၏။

ဝမ်းလျိုနျဲန် - "....."

ဗိုက်မဆာဘူးလို့။

ဝမ်းလျိုနျဲန်ဘက်မှ မငြင်းရသေးခင် ကျောက်ယွဲ့က ဆိုလာသည်။

"မစားချင်ရင်တောင် စားပေးရမယ်"

ဝမ်းလျိုနျဲန်လည်း မတတ်သာတော့ဘဲ ခေါင်းညိတ်လိုက်ရပေ၏။ အကြောင်းမှာ ခေါင်းဆောင်ကျောက်က အနည်းငယ် ခက်ထန်နေသည်မို့။

ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]Where stories live. Discover now