Part.1

1K 76 13
                                    


Unicode

တိတ်ဆိတ်မှုက ညဥ့်နက်သန်းခေါင်းယံကို ဝါးမြိုထားသည်။ကောင်းကင်ယံမှ လပြည့်ဝန်းကြီးသည် အမှောင်ထုအားဖြိုခွင်း၍ ထိန်လင်းတောက်ပနေလျက်။လရောင်ဆမ်းရာ လမ်းပြင်ကျယ်ကြီးမှာ လေလေးတဖြူးဖြူးနှင့် အေးချမ်းနေလေသည်။ထိုအခိုက်~~


"တီ!....တီ!~~ဝူး!!!"

"ဘရွန်း!!.....ဘရွန်း!!"

"ဟေး!!.....ဟား~~ဟား"

ဆိတ်ငြိမ်နေခဲ့သည့် လမ်းပြင်ကြီးဟာ ဆိုင်ကယ်စက်သံအမြောက်အများနှင့် အော်ဟစ်လှောင်ရီသံတို့ဖြင့် တစ်ခဏတွင်းပင်ပြည့်နှက်သွားလေသည်။များပြားလှသည့်ဆိုင်ကယ်တေဟာ လမ်းမကြီးထက် ဘီးရာထပ်အောင် ပတ်စီးနေကြသည်။အသံဗလံပေါင်းစုံဖြင့် ညံစီနေကြသည့် ၎င်းတို့မှာ အင်မတန်မှပျော်မြူးနေကြဟန်။

အတန်ကြာသော် ဗရုတ်ကျလွန်းသည့် ထိုဆိုင်ကယ်အားလုံးဟာ တစ်စုတစ်စည်းတည်းရပ်သွားကြသည်။၎င်းတို့နားတစ်ဝိုက်၌ ဆိုင်ကယ်မီးခိုးငွေ့များက တစ်စွန်းတစ်စလွင့်ပြယ်နေ၏။


"အားလုံးစုံနေပြီကို.......ခေါင်းဆောင်မရောက်သေးဘူးလား"

နှာခေါင်းနှင့်ပါးစပ်အား အဝတ်စဖြင့်ဖုံးအုပ်ထားသည့် လူတစ်ယောက်က ဆိုင်ကယ်ပေါ်ကနေရင်း ပြောလာသည်။ဆိုင်ကယ်ပေါ်မှလူတိုင်း ၎င်းတို့ရဲ့မျက်နှာကို အဝတ်စဖြင့်ဖုံးအုပ်ထားကြတာဖြစ်၏။

"ပြဿနာတစ်ခုခုများရှိနေလို့လား~~"

နောက်တစ်ယောက်က တွေးတွေးဆဆနှင့်ဝင်ပြောလာသည်။

"မဖြစ်နိုင်ဘူး!........အကယ်၍ အဲ့လိုဆိုရင်တောင် သူရောက်ကိုရောက်လာလိမ့်မယ်"

ရွှေရောင်ဆံပင်နဲ့လူငယ်က ပြတ်ပြတ်သားသားပင်ခွန်းတုံ့ပြန်၏။

ပြောရင်းဆိုရင်းပင် အဝေးမှအရှိန်ဖြင့်မောင်းနှင်လာသည့် ဆိုင်ကယ်သံအား ၎င်းတို့အားလုံးကြားလိုက်ရသည်။အကုန်လုံးက အားတက်သရောနှင့်အော်ဟစ်ကြပြီး ဟွန်းတီးအချက်ပြလာ၏။

အနက်ရောင်ဆိုင်ကယ်သည် စီတန်းနေသည့် ဆိုင်ကယ်များရှေ့တွင် တုံ့ကနဲထိုးရပ်သွားပြီး ဆိုင်ကယ်လီဗာအား ခပ်ကြမ်းကြမ်းပုတ်ပြလာသည်။ကျန်သည့်လူများကပါ အလားတူပြုလုပ်လာကြသည့်အတွက် ဆိုင်ကယ်သံများက လမ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

'နှလုံးသားဝယ် မင်းမူစေ'Where stories live. Discover now