Part.2

500 57 13
                                    

Unicode


ဂျောင်ကုအိမ်ကိုပြန်ရောက်တော့ အမေဟာ ထုံးစံအတိုင်းပင်ရှိမနေခဲ့ပေ။လေးလံထိုင်းမှိုင်းနေတဲ့ စိတ်ကိုသယ်ဆောင်ရင်း သူ့အခန်းထဲကိုသာ တန်းနေအောင် သွားလိုက်တော့သည်။သူ့အမေရဲ့ကိစ္စနဲ့ပတ်သက်ပြီး ခံစားချက်က ထင်ထားတာထက်ကိုပိုပြီး ဆိုးရွားလွန်းနေ၏။

သူက အခန်းထဲကိုရောက်တာနဲ့ လွယ်အိတ်ကိုပစ်ချကာ ကုတင်ပေါ်ကို ပစ်လှဲချလိုက်သည်။မီးခိုးရောင် မျက်နှာကျက်အား အရူးတစ်ယောက်လိုစိုက်ကြည့်ရင်း ထွေရာလေးပါးတွေးတောနေမိသည်။

အမေကတကယ်ပဲ အဖေ့နေရာမှာ တခြားလူကိုအစားထိုးဖို့ ကြိုးစားနေလားဆိုတာ မသေချာပေမယ့် သူကတော့ ထိုကိစ္စမျိုးကိုဘယ်တော့မှလက်ခံမှာမဟုက်ပေ။ကောင်းကင်ထက်မှာရှိနေမယ့် အဖေ့ကို သူကတော့ အမေ့ကိုယ်စား အားနာနေမိသည်။အမေဟာ စိတ်နှလုံးလှပါလျက်နဲ့ အဖေ့အပေါ်မှာတော့ အမြဲလိုလိုမာကျောနေခဲ့သည်။ထိုအချိန်က အဖေ့ရဲ့ခံစားချက်တေကိုနားလည်ပေးနိုင်တဲ့တစ်ဦးတည်းသောသူက သူတစ်ယောက်တည်းသာရှိခဲ့သည်။

အဖေကရော အခုသူခံစားနေရတာတေအားလုံးကို သိနေနိုင်လောက်လား။တကယ်တော့ အဖေ့ရဲ့အမှတ်တရတေက သူ့ခေါင်းထဲမှာပျောက်ကွယ်လုနီးနီးပင်။အဖေဆုံးသွားတာ ၈နှစ်မျှရှိပြီဖြစ်ပြီး အဖေ့ရဲ့ပုံရိပ်တေကလည်း သူ့အမြင်အာရုံထဲတဖြည်းဖြည်းနဲ့ဝေဝါးလာပြီဖြစ်သည်။တစ်ကိုယ်ကောင်းဆန်လွန်းတဲ့အမေ့ကြောင့် သူ့မှာ ထုတ်ကြည့်စရာအဖေ့ရဲ့ဓာတ်ပုံလေးတစ်ပုံတောင်မှ မရှိလေပဲ။

မျက်ဝန်းထောင့်ကနေဖြတ်စီးသွားတဲ့ စိုစွတ်မှုက သူ့ရဲ့အသိစိတ်ကို နိူးဆွပေးပြန်သည်။သို့ပေ မျက်ဝန်းအစုံကိုမှိတ်ချရင်း အတွေးနယ်ထဲ လွင့်မြောဖို့ရာသာ ကြိုးစားမိပြန်သည်။သူ့စိတ်တေအရမ်းကို ပင်ပန်းလွန်းနေတာကြောင့် မျက်ခွံများမှာလည်း တစ်ခဏတွင်းပင် လေးလံလာခဲ့၏။






ရောင်ခြည်ဖြာသည့်မနက်ခင်းလေးမှာ မွှေးကြိုင်လှတဲ့ ဟင်းရနံံ့များစွာဖြင့် လွှမ်းထုံနေသည်။စားပွဲပေါ်၌ စီရီထားသည့် ဟင်းပန်းကန်များအနက် အချို့မှာ အငွေ့တထောင်းထောင်းထ၍ လှိုင်သင်းနေ၏။စားပွဲဝိုင်း၏အနီးနားတွင် အဒေါ်ကြီးတစ်ယောက် အလုပ်ရှုပ်နေသည်။

'နှလုံးသားဝယ် မင်းမူစေ'Where stories live. Discover now