(57.2)မင်း ရှောင်ရှန်တိတိကို ဘယ်အချိန်လက်ထပ်မှာလဲ လောင်ဟန်

5.6K 888 41
                                    

Unicode

ရှန်ချင်းရှု ဓာတ်လှေကားထဲကိုဝင်ပြီး တံခါးပိတ်ဖို့အတွက် ခလုပ်နှိပ်လိုက်ပေမယ့်လည်း ဓာတ်လှေကားက တစ်ဝက်သာပိတ်ပြီး ပြန်လည်ပွင့်ဟသွားတာကိုတွေ့လိုက်ရတယ်။

မူလတုန်းကတော့ သူသိပ်ပြီးဂရုမစိုက်ခဲ့ပေမယ့်လည်း နောက်ထပ်စက္ကန့်ပိုင်းလောက်အချိန်အတွင်းမှာတော့ လုံးဝကိုအံ့သြတကြီးဖြစ်သွားရပြီ။

ဟန်ချောင်က ဂုဏ်မောက်နေတဲ့မျက်နှာနဲ့ ဓာတ်လှေကားထဲကိုဝင်လာတယ်လေ။ ရှန်ချင်းရှု သံသယဖြစ်စွာနဲ့ မေးလိုက်တယ်။

"တစ်ခုခုလုပ်စရာရှိနေလို့လား"

"မရှိဘူး"

"ဒါဆို ခင်ဗျားဘာလို့ မပြန်သေးတာလဲ"

"အဲဒီမှာ ဘာမှလုပ်စရာမရှိဘူးလေ ဒီတော့ ကိုယ်ပြန်သွားစရာမလိုဘူး"
ဟန်ချောင် သူ့ဘက်ကိုလှည့်ကြည့်လာတယ်။

" မင်း မေ့နေတာပဲ.. ကိုယ်အခု အားလပ်ရက်ရထားတာလေ"

ရှန်ချင်းရှုတစ်ယောက် ဟန်ချောင်ရဲ့အလုပ်က သူနဲ့ကွဲပြားကြောင်းကိုပြန်လည်သတိရသွားတယ်။ ထိုအမျိုးသားက ဥပဒေချမှတ်ထားတဲ့အတိုင်း မနက်ကိုးနာရီမှ ညနေငါးနာရီအထိအလုပ်လုပ်ရတဲ့ သာမန်ရုံးဝန်ထမ်းပဲလေ။

နှစ်သစ်ကူးနေ့ကလည်း အစိုးရကချမှတ်ထားတဲ့ ရုံးပိတ်ရက်ပဲ။

"ဒါဆို ခင်ဗျားမပြန်ဘူးပေါ့"

"ဘာမှလုပ်စရာမရှိဘူးဆိုမှတော့ မင်းနဲ့အတူနေတာက ပိုကောင်းတာပဲမလား"
ဟန်ချောင် တမင်တကာ စိတ်ပါဝင်စားမှုမရှိတဲ့ ဟန်ပန်နဲ့ပြန်ပြောလိုက်တယ်။

ရှန်ချင်းရှုကတော့ ချက်ချင်းဆိုသလို ပျော်ရွှင်သွားလေရဲ့။
"တကယ်ကြီးလား! ကောကော ခင်ဗျားက တကယ့်ကိုကြင်နာတတ်တာပဲ!"

ကြည့်စမ်းပါ။ သူဘယ်လောက်တောင် အရည်အချင်းရှိလိုက်သလဲ။ သူက ပျော်ရွှင်နေတဲ့အချိန်မှာဆို သူ့(ဟန်ချောင်)ကို ကောကောလို့ခေါ်ပြီး ပုံမှန်အချိန်တွေမှာတော့ ဒရိုက်ဘာဆိုပြီးခေါ်တယ်လေ။ ဒါက သူအလွန်အမင်းအရည်အချင်းရှိကြောင်း ပြောနိုင်တာပဲမလား။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now