(58.2)ကိုယ့်အိမ်ကိုလိုက်ခဲ့ ..နှစ်သစ်ကိုအတူဆင်နွဲရအောင်

4.2K 686 16
                                    

Unicode

ကိုယ်နဲ့အတူ အိမ်ကိုလိုက်ခဲ့ ..နှစ်သစ်ကိုအတူဆင်နွဲရအောင်

ရှန်ချင်းရှုတစ်ယောက် ရက်ပေါင်းနှစ်ဆယ်ကျော်ခန့် ရိုက်ကွင်းမှာနေခဲ့ရပြီး တရုတ်နှစ်သစ်ကူးမတိုင်ခင်မှာတော့ အပြီးသတ်နိုင်ခဲ့တယ်။

သူက ပိုင်ရွှယ်ကောကို နှုတ်ဆက်စကားဆိုကာ ဒါရိုက်တာနဲ့ဇာတ်ညွှန်းဆရာတို့ကိုလည်း တစ်ယာက်ပြီးတစ်ယောက် ကျေးဇူးတင်စကားသွားပြောခဲ့တယ်။ ပြီးနောက်မှာတော့ နာနီကားပေါ်ကိုတက်ပြီး အိမ်ပြန်နိုင်ခဲ့လေပြီ။

ဟန်ချောင်က နောက်ဆုံးဇာတ်ဝင်ခန်းကိုရိုက်တဲ့အချိန်ကို သူ့(ဟန်ချောင်)ကို ပြောဖို့ မှာကြားထားပြီး လာကြိုမယ်ဆိုတဲ့အကြောင်းကိုလည်း ပြောခဲ့သေးတယ်။ သို့ပေမယ့် ရှန်ချင်းရှုကတော့ ထိုအမျိုးသားကို ထပ်ပြီးအလုပ်မရှုပ်စေချင်တော့တဲ့အတွက် ဘာတစ်ခုကိုမှမပြောပြခဲ့ဘူး။ သူ(ရှန်ချင်းရှု)က သူ့ရဲ့အိတ်တွေကိုထုတ်ပိုးပြီး တစ်ယောက်တည်းပြန်လာခဲ့တာ။

သူ ဟန်ချောင် အလုပ်ကပြန်မရောက်ခင် အိမ်ကို အရောက်ပြန်ခဲ့တယ်။ အိမ်ကိုဆိုက်ရောက်တာနဲ့ကျိုးကျင်းမင်တို့ကိုနှုတ်ဆက်စကားဆိုလိုက်ပြီး သူ့ရဲ့ကိုယ်ပိုင်အခန်းလေးထဲသို့ဝင်ကာ ရေချိုးသန့်စင်ပြီး အဝတ်အစားတွေကိုလဲလိုက်တော့တယ်။

သူ ဒီအိမ်နဲ့ အချိန်အကြာကြီးဝေးနေခဲ့တာဖြစ်တဲ့အတွက် ရင်းနီးကျွမ်းဝင်တဲ့နေရာကို ပြန်မြင်လိုက်ရချိန်မှာ မတတ်နိုင်ဘဲလွမ်းမောမိသွားရတယ်။ ဒါကြောင့် အိပ်ယာထဲကိုထိုးဝင်လိုက်ပြီး ခေါင်းအုံးတွေကြားထဲမှာ သူ့ကိုသူနှစ်မြှပ်လိုက်တော့တယ်။

ခဏအကြာမှာတော့ ဖုန်းကိုထုတ်ယူလိုက်ပြီး သူ့ရဲ့စာဖတ်ပရိတ်သတ်တွေချန်ထားခဲ့တဲ့မှတ်ချက်တွေကို လိုက်ဖတ်ကာ တချို့မှန်ချက်တွေကိုစာပြမ်လိုက်တယ်။ ပြီးနောက်မှာတော့ အနုပညာဖိုရမ်ထဲကို ဝင်ကာ အတင်းအဖျင်းတွေကိုလိုက်လံစပ်စုလေတယ်။

ငါးနာရီထိုးခါနီးလောက်မှာတော့ ဟန်ချောင်ရုံးဆင်းခါနီးပြီဖြစ်ကြောင်း ရှန်ချင်းရှုခန့်မှန်းလိုက်ပြီး wechatမှဆက်သွယ်လိုက်တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now