Unicode
(111)"ဒီကြိုးနီလေးကိုဝတ်ပြီးသွားရင် အနာဂတ်မှာ မင်းက ကိုယ့်အပိုင်ပဲ"
ရှန်ချင်းရှုမှာ အိတ်တွေအများကြီးရှိနေပေမဲ့ ကံကောင်းစွာနဲ့ တချို့တစ်ဝက်ကို ညတုန်းက ထုပ်ပိုးထားခဲ့ပြီးပြီ။ ဒါကြောင့် အခုချိန်မှာမြန်မြန်ဆန်ဆန်ပဲ ထုပ်ပိုးနိုင်လိုက်ကာ မကြာခင်မှာပဲပြီးစီးသွားခဲ့တယ်။
သူ ဟန်ချောင်ရဲ့ကားထဲကိုရောက်တော့ ကျိုးကျင်းမင်ဆီကိုဖုန်းဆက်ကာ သူ့ကိုစောင့်စရာမလိုတော့ကြောင်းလှမ်းပြောခဲ့တယ်။
ဒါက သူတို့တွေဆက်ဆံရေးပြောင်းလဲသွားပြီးနောက် ဟန်ချောင်ရဲ့အိမ်ကို ပထမဆုံးပြန်သွားတာပဲ။ သူက ဧပြီလမကုန်ခင်တုန်းက အိမ်ကထွက်သွားခဲ့ပြီး ထိုအချိန်တုန်းက သူတို့က ကားသူငယ်ချင်းဆက်ဆံရေးပဲရှိသေးတာ။ အခု ဇွန်လလယ်မှာပြန်လာတော့ သူက ဟန်ချောင်ရဲ့ချစ်သူဖြစ်နေပြီ။ရှန်ချင်းရှု ပြောမပြနိုင်တဲ့ပျော်ရွှင်မှုတွေကို ခံစားရကာ စိတ်လှုပ်ရှားစွာနဲ့ စိတ်မရှည်နိုင်လည်းဖြစ်နေခဲ့တယ်။
သူ ကားပြတင်းပေါက်အပြင်ဘက်ကိုလှမ်းကြည့်ကာ သူ့ရဲ့အတွေးတွေကို ဂရုတစိုက်နဲ့ဖုံးကွယ်ထားလိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့နှုတ်ခမ်းထောင့်တွေကတော့ သတိလက်လွတ်နဲ့ ကွေးတက်နေတုန်းပဲ။
ဟန်ချောင် ပြန်လှည့်ကြည့်လိုက်တော့ လူငယ်လေးရဲ့အမူအယ်ကိုမြင်ပြီး ခေါင်းကိုပွတ်သပ်ပေးလိုက်တယ်။
"ဒီတစ်ခါရော မင်းဘယ်လောက်ကြာကြာအနားယူမှာလဲ"
"မသိသေးဘူး"
ရှန်ချင်းရှု အမှန်အတိုင်းပြောလိုက်တယ်။
"လက်ရှိမှာ ဇာတ်ညွှန်းအသစ်မရသေးဘူးလေ.. ဒါပေမဲ့ ထောက်ခံချက်တွေ နဲ့ မဂ္ဂဇင်းဓာတ်ပုံရိုက်ဖို့အတွက်တော့အများကြီးလက်ခံထားတယ်"
ဟန်ချောင် ခေါင်းညိတ်လိုက်တယ်။
"ကြည့်ရတာ မနားရသလိုပဲ""ကျွန်တော်အလုပ်မရှုပ်ပါဘူး.. ခင်ဗျားနဲ့အတူနေဖို့အချိန်ရှိသေးတယ်"
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Фэнтези_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer