Chapter 13

185 17 0
                                    

" ကျွန်တော့်အတွက် ဘယ်အရာက အရေးအကြီးဆုံးလဲလို့ မေးလာခဲ့ရင်

ဒီမေးခွန်းကို ဘယ်လိုဖြေရမလဲဆိုတာ
သေချာမသိဖူး။

ဒါပေမဲ့ မင်းကတော့ ငါ့ရဲ့ အရာအားလုံးကို
သိစေချင်တဲ့ သူတယောက်ပါ"

ကိတ်ရဲ့ ဘဝမှာ ပထမဆုံး အနေနဲ့ အီယူ သူ့ကိုလာနိူးမှာကို ထိတ်လန့်နေခဲ့သည်။

အီယူ သူ့အိမ်ကိုပြန်သွားထဲက ကိတ် အိပ်လို့မရခဲ့ပါ။ခဏလောက် အိပ်လိုက်တာနဲ့ ကိတ်ပြန်နိုးလာပြီး နာရီကိုကြည့်သည်။ မနက်အစောကြီးသာရှိသေးကြောင်း သတိထားမိတော့ ကိတ် စိတ်လျှော့ပြီး ပြန်အိပ်သည်။

ကိတ်က ထပ်ခါထပ်ခါလူးလှိမ့်နေခဲ့တာ ငှက်တွေ သီချင်းဆိုသံကိုကြားရသည်အထိဖြစ်သည်။

နောက်ဆုံးတော့ ကိတ် အိပ်ယာကထဖို့ဆုံးဖြတ်လိုက်ပြီး ရေချိုး အဝတ်စားလဲပြီး နာရီကိုသာကြည့်နေသည်။နာရီလက်တံရဲ့ ဒုတိယ တခုကို ပို၍ မြန်အောင် ကြိုးစားနေခြင်းဖြစ်သည်။

ကိတ်ဘာလုပ်ရမလဲမသိပါ။
ဘာပြောရမှန်းလဲမသိပါ။

အီယူစိတ်ဆိုးနေမှာလားဆိုတာလဲမသိပါ။

အီယူစိတ်ဆိုးပြီး ထွက်သွားခဲ့ရင် ကိတ်ဘာဆက်လုပ်ရမလဲ မသိပါ။

ကိတ် ကြောက်မိသည်။

အခန်းတံခါးပွင့်လာချိန်တွင် ကိတ်က တုန်လူပ်သွားသည်။ပြီးတော့ အခန်းထဲ ဝင်လာသူနှင့် မျက်လုံးခြင်းဆုံသည်။

အီယူက အကြိမ်များစွာ မျက်တောင်ခတ်ပြီး အံ့ဩနေသည်။

"ကိတ် ဒီနေ့ဘာလို့အစောကြီးနိုးနေတာလဲ"

"ကိတ် အိပ်လို့မပျော်ဖူးဖြစ်နေတယ်"

ကိတ်က အီယူ့ကိုမြင်တော့ အေးဆေးစွာပြောသည်။ကိတ် အနည်းငယ်တော့ စိတ်သက်သာရာရမိသည်။

"ဘာလို့လဲ၊ အဝတ်စားတောင်လဲပြီးနေပြီ၊ အံ့ဩစရာကြီး"

အီယူကမျက်ခုံးကိုပင့်ပြီးကိတ်အနားသို့လာသည်။

" အင်း ကိတ်စိုးရိမ်နေတာ"

"....."

"အီယူက မနေ့က ကိတ်ကို မဖက်ပေးလို့"

အချစ်ဦးနှင့်ဖြစ်နိုင်ချေ12%Where stories live. Discover now