*Unicode*
"ဂျွန်ဂျောင်ဂု! မင်းမသွားရဘူးလို့ ငါပြောနေတယ်လေ!!"
"ငါသွားမှာ....ခင်ဗျားမတားနဲ့ကင်မ်ထယ်ယောင်း!"
"ဘာ! အခုငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ!"
"ကင်မ်ထယ်ယောင်းလို့ခေါ်လိုက်တာလေ မကြားဘူးလား"
တစ်ခွန်းမကျန်ပြန်ပြောနေသော စီးကရက်လေးကြောင့် လူရမ်းကားသွေးပင်ဆောင့်တက်ချင်ရလောက်အောင် ဒေါသတို့ထွက်၍လာရသည်။
ဘယ်ကိုဦးတည်သွားမယ်မှန်း မသိသော *အပြင်* ဆိုသည့်စကား။ အကောက်မပြေသေးသော ဒီကောက်တေးသာ ထွက်သွားခဲ့ရင် ဆိုတဲ့အတွေးက ခေါင်းထဲအစီအရီရှိတဲ့အခါ အပြင်ထွက်ဖို့ပိတ်ပင်ရန်အကြောင်းဖန်လာသည်ကား ဒီကောင်ချုပ်ချယ်တာမှမဟုတ်လေပဲ။ မထင်ရင်မထင်သလို ထထလုပ်မှာကြောက်လို့ တုန်လှုပ်နေကြောင်းပြောရင်လည်း မောင့်ကိုလှောင်ရယ်ကြဦးမည်။
"ကျစ်! သတ္တိတွေသိပ်ကောင်းနေတာပဲ...ဘယ်သူ့အားကိုးနဲ့ ဒီကောင့်ကိုပြန်ခံပြောနေရတာလဲ မင်း"
"ဘယ်သူ့ကိုမှအားမကိုးဘူး...အခုဖယ်ပါဗျာ "
အခန်းပေါက်ဝ ခန္ဓာကိုယ်ကြီးတစ်ခုလုံးဖြင့်မှီ၍ မိန့်မိန့်ကြီးပိတ်ရပ်ကာ အမိန့်တွေပေးနေသော ကင်မ်ထယ်ယောင်းဆိုသူဟာ မျက်ခုံးတန်းတို့ကြုတ်ထားဆဲ။ ဖယ်ပေးဖို့ ရည်ရွယ်ချက်မရှိကြောင်း အကြည့်တွေကနေ စကားပါးတဲ့အခါ ဂျွန်ဂျောင်ဂုဟာ နှုတ်ခမ်းဆူချေပြီ။
အကြောင်းပြချက်ရေရေရာရာလည်းမရှိပါဘဲနဲ့ တစ်ချိန်လုံး အဲ့လိုမျိုးဒေါသကြီးတွေ အလကားနေထွက်နေလို့ အချစ်ဦးကပစ်သွားတာ။ နည်းတောင်နည်းပါသေးတယ်။
"မသွားရဘူးလို့ပြောနေတယ် မဟုတ်လား!!အ့.."
သိပ်ရဲတင်းလာတဲ့ စီးကရက်လေးဟာ လူရမ်းကားအားဆောင့်တွန်းကာ လှေကားမှပြေးဆင်းလို့သွားလေပြီ။ ရုတ်တရက်ဆန်သော အပြုအမူကြား လူရမ်းကားကြောင်အ သွားမိတာအမှန်။
ဒီကောင်တစ်ခွန်းဆိုတစ်ခွန်း ဒီကောင့်အမိန့်မှန်သမျှ အတွန့်မတက်နာခံတက်တဲ့ ဂျွန်ဂျောင်ဂုလေးက ကင်မ်ထယ်ယောင်းကိုဆို သိပ်ကြောက်သည်လေ။ အခု...အခု မခန့်လေးစားလုပ်သွားတာပဲ။ တစ်အိမ်လုံး တုန်ဆင်းနေအောင်ကြောက်ရတဲ့ ဒီသခင်လေးကို သောက်ကလေးက မလေးမစားပြုမူသွားတာပဲ ကျစ်!
YOU ARE READING
Alcohol and Cigarette(Complete)
FanficWait!!.... Wait!! Alcohol and cigarettes are bad for health. Vkook// Mature