2
ဘတ်ဟျွန်းမနေ့ညက အိမ်မက်ဆိုးတွေ ဆက်တိုက်မက်ပြီး ကောင်းကောင်းမပျော်တာကြောင့် ဒီမနက်ကျောင်းသွားချိန်မှာ မျက်တွင်းဟောက်ပက်နဲ့။ ကယောင်ဆူနဲ့ မင်ဆော့တို့က မေးတော့ မနေ့အဖြစ်အပျက်ကို ပြောပြထားတာကြောင့် အခုတော့ သူတို့ပါရောကြောက်နေကြပြီ။ တော်သေးတာပေါ့ မနေ့ကသာ ခေါ်လိုက်မိရင် ဘယ်လိုတောင်အရှက်ကွဲလိုက်ဉီးမလဲ မသိ။
"ဘတ်ဟျွန်းနား..."
မင်ဆော့ရဲ့ တံတောင်တွတ်ခေါ်မှုကြောင့် သချင်ာချိန်ငိုက်နေတဲ့ ဘတ်ဟျွန်း လန့်သွားရသည်။ ခြေထောက်နဲ့ ခုံကိုလှမ်းကန်ရင်း မေးဆတ်ပြတော့ မင်ဆော့က မျက်ရိပ်မျက်ကဲနဲ့ ပြတင်းပေါက်ရဲ့ တစ်ဖက်ခြမ်းကို ပြနေတာကြောင့် ဘတ်ဟျွန်းပါ အလိုအလျောက်ကြည့်မိလျှက်သား။ ပြတင်းတံခါရဲ့ ဟိုဘက်မှာ ကယောင်ဆူကို လာချောင်းနေကျ ချောကလက်ရုပ်တုတို့ တစ်သိုက်။ ကျောင်းရဲ့ကောင်မလေးတွေသည်းသည်းလှုပ်။
ဘတ်ဟျွန်းနဲ့ မင်ဆော့ ခိုးရယ်ကာ ကယောင်ဆူကို ပြတော့ သကောင့်သားက မမြင်ချင်ယောင်ဆောင်နေလေသည်။
"ဘတ်ဟျွန်း အဲ့ကောင်ဘေးက ကောင်က တစ်ကျောင်းလုံးအဆင့်တစ် ပတ်ချန်းယောလ်တဲ့...
တစ်ဖွဲ့လုံး စာလဲအတော်ဆုံး ရန်လဲအဖြစ်ဆုံး ကျောင်းလဲ အပြေးဆုံး ပြီးတော့ ချောလဲ အချောဆုံး..""ဟမ် ဘယ်ဟာလဲ ပြဉီး မမြင်ရဘူး.."
"ဟိုဘက်မှာ အဆောင်နဲ့ကွယ်သွားပြီ ကန်တင်းသွားမှ ပြမယ်.."
"အေးအေး..."
တိုးတိုးနဲ့ လေတိုးမပေါက်တဲ့ ဘတ်ဟျွန်းနဲ့ မင်ဆော့ကို တစ်မိုးအောက် သချင်ာဆရာ မြင်တွေ့သွားလေသည်။ ခေါင်းကို မိုးကြိုးပွတ်ရင်တောင် ဒီလေါက်ပူမှာ မဟုတ်လောက်။ အခုတော့...
"ဟိုနောက်တန်းက နှစ်ကောင် ခုလာပြီး ငါရှင်းပြနေတဲ့ ပုစ္ဆာတွက်ပြစမ်း...
စာတွေ သိပ်ရနေလို့ တွတ်ထိုးနေတာလား .."မျက်နှာငယ်လေးတွေနဲ့ ဘတ်ဟျွန်းရယ် မင်ဆော့ရယ်ကို ကယောင်ဆူက စာအုပ်နဲ့မျက်နှာကိုကွယ်ပြီး တခွီးခွီးရယ်နေလေသည်။ နေနှင့်စမ်း ကန်တင်းရောက်မှ ချောကလက်ရုပ်တုတို့ ဝိုင်းထဲ ကြိုးတုပ်ပြီး သွားချထားပေးမယ်။