1.

2.1K 255 25
                                    

Unicode:

သူ Cardigan အဟောင်းလေးနဲ့အတူ ကျွန်တော့်ကိုပါစွန့်ပစ်သွားခဲ့တာ အဲ့နှစ် ဆောင်းရာသီတုန်းက။ ။ ။
__________

" အဲ့ cardigan ကိုသွားမထိနဲ့ ဂျူလီယန်။ မင်းနဲ့ပတ်သတ်စရာအကြောင်းလုံးဝမရှိတဲ့ အရာတစ်ခုပါ "

ဒယ်ဒီ့ဘီရိုအဟောင်းထဲက တစ်ထည်တည်းသီးသန့်အနေနဲ့ အကန့်လေးတစ်ခုထဲမှာချိတ်ဆွဲထားတတ်တဲ့ cardigan လေးအား စမ်းဝတ်ကြည့်ဖို့လုပ်တုန်းမှာပဲ ဒယ်ဒီကအနောက်ကနေ ဗြုန်းစားကြီးပေါ်လာတာမို့ ဂျူလီယန်လက်ထဲက cardigan လေးကိုတောင် ပြန်ထည့်ချိန်မရလိုက်။

ဒယ်ဒီ့ဘက်ကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တော့ ဒယ်ဒီကလက်ပိုက်ရင်း ဒေါသပါတဲ့အကြည့်တွေနဲ့ကြည့်နေသည်မို့ ဂျူလီယန့်ကိုယ်လေးကျုံ့သွားရသည်။

" ဒယ်ဒီ ဂျူလီယန့်ကိုဘယ်နှခါပြောရမလဲ။ ဒယ်ဒီ့ပစ္စည်းတွေထဲက တခြားဟာတွေကို ဂျူလီယန်ကြိုက်သလိုမွှေလို့ရတယ်။ ဒီ cardigan ကိုတော့ လုံးဝမထိဖို့ ဂျူလီယန့်အသက် ခုနစ်‌နှစ်လောက်ကတည်းက ဒယ်ဒီပြောလာရတာ။ အခု အသက် ဆယ့်ရှစ်နှစ်ပြည့်တဲ့အထိ ဂျူလီယန်အသိတရားမရသေးဘူးပဲ "

ဒယ်ဒီက ဂျူလီယန့်လက်ထဲက အဖြူရောင် cardigan လေးကိုဆွဲယူလိုက်ရင်း ဘီရိုထဲမှာချိတ်ကလေးနဲ့သေချာချိတ်ထည့်ထားလိုက်သည်။ သော့ပိတ်ရလောက်တဲ့အထိတော့ မလုပ်ချင်တာမို့ ဂျူလီယန့်ကိုယုံကြည်ထားတာ။ အခုတော့ ဂျူလီယန်က သူ့ကိုခဏခဏခေါင်းကိုက်စေတာမို့ သော့ခတ်ရတော့မည်။

" အဲ့ cardigan နဲ့ပတ်သတ်ပြီး ဒယ်ဒီ့မှာဘာအတိတ်တွေရှိခဲ့လဲဆိုတာ ပြောပြလေ။ ဒါဆို ကျွန်တော်က ဒယ်ဒီ့ရဲ့စိတ်ကိုလေးစားတဲ့အနေနဲ့ ဂရုစိုက်ပေးမယ်။ ဒါပေမဲ့ အခုလိုမျိုး အကြောင်းအရင်းသေချာမသိရပဲ တားမြစ်ခံနေရတာကတော့ သိပ်မဟုတ်သေးဘူးမလား ဒယ်ဒီ "

ဒယ်ဒီက ရယ်သည်။ နောက်တော့မှ မျက်မှန်ကိုတစ်ချက်ပင့်တင်ရင်း ဆံပင်တွေကိုသပ်တင်လိုက်သည်။ အသက်ငါးဆယ်ကျော်နေပြီဖြစ်တဲ့ ဒယ်ဒီ့ပုံစံက အခုထိကြည့်ကောင်းဆဲ။ ငယ်ရွယ်တုန်းက ထိုးခဲ့တဲ့ တက်တူးတွေကလည်း လက်တစ်လျှောက်မှာအများအပြား။ အခုအချိန်မှာ နားကပ်၊ နားကွင်းမဝတ်တော့ပေမယ့် နားပေါက်အရာလေးတွေက အခုထိကိုရှိနေဆဲ။

My Old Cardigan || KM // COMPLETED Where stories live. Discover now