ရာဇဝင်တွင်မဲ့အနမ်း part 9

410 8 0
                                    

အခန်း (၉)

"ဝုန်း"

မိုင်းဖုန်းဆက်ထား၍ ကောင်းကို ဝင်ခေါ်ပြီးအိမ်ထဲဝင်လာသော မင်းပိုင်မှာ မီးဖိုခန်းထဲမှအသံကြောင့်ပြေးလွှားဝင်ခဲ့လိုက်ပါသည်။သူ့နောက်မှာ ကောင်းလဲပါလာခဲ့လေသည်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အခန်းဝကနေ မိုင်းနားကိုဘယ်လိုရောက်သွားသည်မသိပါ ။ မိုင်းရဲ့ရှေ့တည့်တည့်မှ ကြက်ဥလိပ်ပန်းကန်ကို ပြေးယူပြီးအမြန်ဖယ်လိုက်ပါသည်။ မိုင်းထရပ်လိုက်လို့လဲကျသွားတဲ့ထိုင်ခုံကိုကောင်းက ဘေးသို့မရွှေ့လိုက်လေသည်။ Sun မှာတော့ မိုင်းရဲ့လုပ်ရပ်ကို နားမလည်နိုင်ဖြစ်နေရင်း စကားမဆိုနိုင်။သူလို့ပင် ရာစုနဲ့ ရတုလဲ ဘေးမှာကပ်နေလေသည်။

"ဘာမှမဖြစ်ဘူး မိုင်း စိတ်လျှော့ စိတ်ကိုလျှော့ချလိုက်"

ခုံပေါ်လက်ထောက်ရင်း  ခေါင်းငိုက်စိုက်ချထားသော ဦသစ်မှာ ခေါင်းမော့လာရင်း မျက်ရည်တို့ပြည့်နေသော ဒေါသထွက်ဝန်းတွေနှင့်သူ့ကိုကြည့်ရင်း

"မင်း ငါ့ မန်နေဂျာလုပ်မယ်ဆိုရင်လဲ ငါ့အကြောင်းလေးတော့ အရင် သိအောင်လုပ်ထားအုံး မဟုတ်ရင်လဲအထုတ်ပြင်ပြီးတော့ မင်းနေတဲ့နေရာကိုပြန်လိုက်တော့"

ပြောပြီး လှည့်ထွက်ဖို့ပြင်နေတဲ့မိုင်းကို

"နေအုံး ဦးသစ် ခင်ဗျားပြောချင်တာပြောပြီး လှည့်မထွက်သွားနဲ့ ကျွန်တော်ဘာမှားလဲ ပြောခဲ့အုံး "

ဦးသစ်က ချာကနဲလှည့်လာကာ

"မှားတာမ မှားတာ မင်း ကိုပိုင့်ကိုမေးကြည့်လိုက် 
ကောင်း သွားမယ်လာ ကိုပိုင်ဆီက ကားသော့ယူခဲ့"

"ဦးသစ်ခင်ဗျားနော် အဲ့ဒီလို မရှင်းမလင်းမလုပ်သွားနဲ့"

သူပြောနေပေမဲ့ ဦးသစ်က လှည့်မကြည့်တော့ပါလေ
သူအပင်ပန်းခံလုပ်ထားတဲ့ ဟင်းပွဲလေးတွေက ခုံပေါ်မှာအထီးကျန်စွာပါ အမှိုက်ပုံးထဲရောက်နေတဲ့ ကြက်ဥလိပ်ပန်းကန်လေးကိုကြည့်ရင်း Sun ဝမ်းနည်းပြီးမျက်ရည်တွေကျလာလေသည်။ကိုပိုင်က

"ရတုနဲ့ရာစု အခန်းထဲမှာ ခနစောင့်နေနော် အကိုအပြင်ကနေ စားစရာမှာပေးမယ်"

ရာဇဝင်တွင်မဲ့ အနမ်းМесто, где живут истории. Откройте их для себя