အပိုင်း(5) uni&zgi

1K 43 1
                                    

🌿လေပြေနမ်းရှိုက်တဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း (၅)

"ဝိုးး ငါတို့နတ်ဘုရားက အခု သူစိမ်းတစ်ယောက်ကိုကူညီလိုက်တာလား ငါမျက်စိများအမြင်မှားနေတာလားဟယ် ကောင်မရယ် ငါ့ကိုဆိတ်ကြည့်စမ်းပါ "

"နင်တို့လဲသိတယ်မလား ငါတို့နတ်ဘုရားရှေ့မှာခြေလျှော်လှဲတာတို့ လမ်းမေးတာတို့ ပြီးတော့ ပြီးတော့အရောဝင်တာတို့လုံးဝလုံးဝအကျုံးဝင်တာမဟုတ်ဘူးလေ "

"ဟိုတခါတုန်းက ကွန်ပျူတာသိပ္ပံက ကောင်မလေးတစ်ယောက် ချော်လဲချင်ယောင်ဆောင်လိုက်တာ ငါတို့နတ်ဘုရားကမြင်ရက်သားနဲ့ဒီအတိုင်းခွသွားတာမလား "

"ဟုတ်တယ်ဟုတ်တယ် နေပါဦး ဆေးငှာနက မမတစ်ယောက်ပေးတဲ့အသဲပံုထမင်းချိုင့်ကိုလဲ တချက်တောင်လှည့်မကြည့်ပဲ အမှိုက်ပုံးထဲထည့်ပစ်လိုက်တာလေ  အဲ့လိုလူစားမျိုးက အခု သူစိမ်းတစ်ယောက်ကို အကူအညီပေးနေတယ် ? ဘုရားရေ အနောက်အရပ်ကနေ နေထွက်လာ‌မှာတော့မဟုတ်ဘူးမလား"

ပွစိပွစိလုပ်နေကြတဲ့မိန်းကလေးတသိုက်က ကျယ်လောင်စွာပြောဆိုနေတာမို့ အဲ့တာတွေကို အကုန်ကြားနေရသူက မုယွမ်ယွမ်ပဲ

"ရှင်က နာမည်ကြီးပုံပဲ ဒါပေမဲ့ အကောင်းဘက်ကကျော်ကြားတာတော့ဟုတ်ပုံမရဘူး "

"ဒီအတိုင်း.....အဆံမရှိတဲ့သူတွေကိုသဘောမကျ....အဆက်အဆံမလုပ်ချင်ရုံပါပဲ "

"............"

အိုးးး သူ့စံနှုန်းမြင့်တဲ့ပုံနဲ့ဆို ဒီတသက် မိန်းမရောရပါ့မလား

"ဒါနဲ့ ရှင့်မှာ မျက်နှာနှစ်ဖက်ရှိတာလား "

"ဘာလို့လဲ "

"စားသောက်ဆိုင်မှာတော့ ရှင်က ပုံမှန်လိုပါပဲ ဒါပေမဲ့ အခုတော့ မျက်နှာတလွှာမှာရေခဲကပ်ထားသလိုပဲ တောင့်တင်းပြီး အေးစက်နေတယ် "

"ကိုယ်က လူများတဲ့နေရာကိုမကြိုက်ဘူး "

"အဲ့တော့ရှင်ပြောချင်တာက ဒီနေရာကလူများပြီး စားသောက်ဆိုင်ကလူမများဘူးပေါ့ဟုတ်လား"

"အဲ့နေရာက .... တော်ပါပြီ ကိုယ်က မင်းကိုဘာလို့ရှင်းပြနေရမှာလဲ ဟိုမှာ ရှေ့မှာ ကျောင်းသားရေးရာရောက်ပြီ ဆက်သွားလိုက်တော့ "

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now