𝖴𝗇𝗂𝖼𝗈𝖽𝖾
B𝗎𝗂𝗅𝖽~
"ငါတို့ တရားရုံးမှာတွေ့ကြတာပေါ့"
"Build!!"
ငါ့ဆီက မထင်မှတ်ထားတဲ့ စကားကို ကြားလိုက်ရလို့ အံ့ဩသွားပြီး ငါ့နား အမြန်ရောက်လာတယ်။ပုခုံးနှစ်ဖက်ကို လှုပ်ယမ်းရင်း ငါ့ခန္တာကိုယ်ကို ဟိုစစ်ဒီစစ်လုပ်တော့တာ။သူရူးပြီး လွတ်သွားတာများလား။ငါ့ခန္တာကိုယ်က ဘာကိုမှမထိခိုက်ထားဘူးလေ။ရုတ်တရက်အခြေနေကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားပြီး လုပ်မိလုပ်ရာ လုပ်နေတာများလား။
"မကြားလိုက်ဘူးလား တရားရုံးမှာတွေ့ကြမယ်"
"Build..တကယ်...တကယ် တကယ်ဘဲ ပြန်မှတ်မိပြီလား..ဟင် မောင်လေ ..Buildရဲ့မောင်လေ.."
Bibleက သူ့မျက်နှာပေါ်မှာ အပြုံးတွေချီလို့ မျက်ဝန်းတွေနီရဲလာကာ ငိုတော့မယ့် ကလေးလိုဖြစ်နေတယ်။လအတန်ကြာ ပျောက်သွားတဲ့ တန်ဖိုးထားရတဲ့ အရုပ်ကို ပြန်တွေ့တဲ့ ကလေးငယ်လေးလို။ ပြီးတော့ ငါ့ကိုယ်ကို သူ့ရင်ခွင်ထဲ ထည့်ဖို့ လုပ်လိုက်တဲ့အချိန် သူ့လက်တွေကို ငါ အသာ ဖယ်လိုက်တယ်။ဒါကြောင့် သူ့မျက်နှာ မသိမသာ ပျက်သွားပြီး အပစ်လုပ်ထားတဲ့ လူတယောက်လို ပျက်ယွင်းသွားတာ။မျက်လွှာကို အောက်ချရင်း တောင်းပန်ပါတယ်ဆိုတဲ့ စကားကို မကြားတကြားပြောလိုက်တယ်။တကယ်က ငါလိုအပ်တာ တောင်းပန်စကားမှ မဟုတ်ဘဲ။
ဖြစ်ပြီးသားကို ငါက ဘာလုပ်ပေးရမှာလဲ။နစ်နာသူက ငါဆိုပေမဲ့ တရားခံကို ပြန်ပြီး အပစ်ဒဏ်ပေးရမှာ သဘာဝဘဲလေ။ Bible ကလဲ ငါ့အတွက် အပစ်သားတယောက်ဘဲ။ ဒါပေမဲ့ အမည်တပ်ရမယ့် ပုဒ်မတော့ ကွာခြားလိမ့်မယ်။ မယုံကြည်ပေးခဲ့ခြင်းနှင့် စိတ်ထိခိုက်စေခဲ့ အခိုက် အတန့်တွေရယ် နာကျင်စေခဲ့စကားလုံးတွေက ငါ့ခေါင်းထဲကို စီရီစွာ ပြန်ပေါ်လာတယ်။"Build တကယ် မောင့်ကို မှတ်မိပြီမလား ..ဟင် ဖြေပါဦး ဘာလို့ အဲ့လိုကြည့်နေတာလဲ"
ငါသူ့မျက်ဝန်းတွေကို စိုက်ကြည့်ရင်း သက်ပြင်းချလိုက်တယ်။
"အင်း ငါမှတ်မိပြီ"
ခေါင်းအသာငြိမ့်ရင်း ပြန်ဖြေလိုက်ပေမဲ့ ငါ့အသံက လုံးဝကို အသက်မပါသလိုဖြစ်နေတယ်။ဟက် ကနဲ တချက်ရယ်ရင်း မောင် ဆိုတဲ့Bibleကို ပြန်ကြည့်လိုက်မိတယ်။ ငါ တကယ်ဘဲ ဘာလို့ မမှတ်မိခဲ့ရတာလဲ။ အဲ့ဒါကြောင့် သူ့ကို တွေ့ရင် တရင်းတနှီးဖြစ်နေတဲ့ ခံစားချက်တွေက ကြီးစိုးနေတာကိုး။ငါကဘဲ လူတယောက်အပေါ်သံယောဇဉ်တွယ်လွယ်တယ်ဘဲ ထင်ခဲ့တာ။တကယ်က ငါ့ချစ်သူ ဖြစ်နေတာဘဲ။အခုမှ အရာအားလုံးကို ဆက်စပ်တွေးကြည့်မှ Bibleက ငါ့အနားကို အကြံရှိရှိ ချဉ်းကပ်ခဲ့တာဘဲ။ငါ အတိတ်တွေကို ပြန်မှတ်မိရအောင်လို့လေ။