🍷(၅) _ end

9.5K 645 10
                                    

အပေါင်လေးက ဒေါ်လေးညို့သခင်ရဲ့ အရင်း ~~

" အန်တီရေ အန်တီရေလို့ "

" ရေဆာနေရင် ကိုယ့်ဘာသာသွားယူသောက်လေ "

" ရေသောက်ချင်လို့ တောင်းနေတာမဟုတ်ဘူး။ ပြောတော့ဖြင့် ညနေစောင်းကျရင် သွဲ့နဲ့ လမ်းလျှောက်ထွက်မယ်ဆို။ အခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ "

" ဟောကြည့် လမ်းလျှောက်ထွက်ဖို့ကိစ္စကို မမေ့ပါဘူးကွယ်။ အပေါင်လေးက ‌အန်တီရေဆိုတော့ ရေတောင်းတယ်ထင်လို့ပေါ့ "

မျက်စောင်းလှလှလေးတစ်ချက် ဒိုင်းခနဲရောက်ရှိလာ၏။ အဆိုးအဆာလေးက စတွေ့တုန်းကလိုပဲ ဒီလူ့အပေါ်ဆို ဆိုးချင်နေတုန်း။

ရန်ကုန်ကို အပေါင်လေးပြန်ရောက်လာပြီး နောက်ရက်မှာပဲ နှစ်ဦးသဘောတူ လက်ထပ်ဖြစ်ခဲ့ကြ၏။ ထို့နောက်တွင်တော့ ရည်မှန်းထားသည့်အတိုင်း တောင်ကြီးမြို့၌ လုံးချင်းအိမ်လေးတစ်လုံးဝယ်ကာ အိမ်ထောင်သည်ဘဝကို ထူထောင်ဖြစ်ကြသည်မှာ နောက်လထဲဆို နှစ်နှစ်ပြည့်လေပြီ။

" အနွေးထည်ထူထူ သွားဝတ်ဦး၊ အပြင်မှာ တို့စောင့်နေလိုက်မယ် "

" အင်း "

ဤအိမ်ထောင်ရေးလေးတွင် နှောင်ကြိုးတစ်ခုဖြစ်သော သားသမီးရတနာရှိမနေပါ။ ထိုအစား သံယောဇဉ်ကြိုးထုံးလေးဖြစ်သည့် ဝေါင်' လို့ခေါ်သော အမွေးပွခွေးအဖြူလေးတစ်ကောင်ရှိ၏။

လမ်းလျှောက်ထွက်ဖို့ရာ ဝေါင်'လည်း မပါမဖြစ်မို့ ချီခေါ်ရ၏။ ခြံထဲဟိုဘက်လျှောက်၊ သည်ဘက်လျှောက်ဖြင့် အပေါင်လေးအား ဝေါင်'နှင့်အတူ စောင့်နေလိုက်သည်။

" အန်တီရေ သွဲ့ပြီးပြီ "

အနွေးထည်အထူကြီးကြား မြုပ်နေသော ကိုယ်လုံးငယ်လေး။ အမှတ်တမဲ့ ကြည့်မည်ဆိုပါက ကောက်ညှင်းထုပ်လေးလိုပင်။ ဝေါင်' ကို ချီပွေ့ထားရမှ အောက်သို့ချပေးကာ မိမိဆီသို့ ဦးတည်လာသည့် အပေါင်လေးအား အပြေးလေးဆွဲပွေ့လိုက်မိ၏။

" ဟာ ဘာလိုချီတာလဲ အောက်ပြန်ချပေး "

" အသည်းယားစရာကြီးကွာ "

You've reached the end of published parts.

⏰ Last updated: Nov 15 ⏰

Add this story to your Library to get notified about new parts!

အပေါင်လေး (completed)Where stories live. Discover now