အပိုင်း ၅၂

3.6K 413 6
                                    

Unicode

စန်းယွမ်ယွမ်က အခြေအနေ၊ အချိန်အခါကိုလိုက်၍ အမြန်ပင် မြှောက်ပင့်လိုက်၏။

"ရှင်က အရမ်းကို အစွမ်းထက်တာပဲနော်။ ရှင် ကျွန်မရဲ့ကျင့်ကြံဆင့်ကို မကြာခင်မှာပဲ အဆင့်မြှင့်ပေးနိုင်မယ်ဆိုတာ ကျွန်မသေချာတယ်။ ကျွန်မတို့ စန်းပြည်နယ်ပြန်ရောက်လို့ ကျွန်မရဲ့ကျင့်ကြံဆင့်ကသာ စိတ်ဝိညာဥ်ကြည်လင်နယ်ပယ်ရောက်နေခဲ့ရင်တော့ သူတို့တွေ မေးရိုးတွေပြုတ်ကျလောက်အောင် ထိတ်လန့်သွားကြမှာ! ယုံးဝူမင့် ရှင်က တကယ့်ကို အံ့ဩစရာကြီးပဲ!"
  
တစ်စုံတစ်ယောက်ကို ရှက်သွေးဖြာသွားစေဖို့ 666[1] ဟူ၍ကျယ်ကျယ်လောင်လောင်အော်ပေးလိုက်တာမျိုးက အတော်မိုက်သည်။ စန်းယွမ်ယွမ် သည်အကြောင်းအရာကို ယခင်ဘဝကတည်းက နက်နက်နဲနဲနားလည်ထားပြီးသားပင်။
  
သူ အရူးလုပ်ခံနေပြီလား၊ မခံရသေးဘူးလားတော့ သူမလည်း မသိချေ။ မည်သို့ပင်ဆိုစေ ယုံးဝူမင့်ကတော့ စိတ်အခြေအနေ ပိုကောင်းသွားသည့်ပုံ ရသည်။ အပြင်မထွက်ခင်လေးမှာ သူက သူမကို သူ့ရင်ဘတ်နားဆွဲခေါ်၍ ခေါင်းကို နှစ်ခါမျှ ပုတ်ပေးလိုက်သေးသည်။
  
ကြယ်တာရာများဟာဖြင့် အဝေးရှိတောင်တန်းများမှ ပျင်းရိပျင်းတွဲထွက်လာသော နီရဲရဲနေလုံးကြီးအောက်မှာ ဆွဲချခံလိုက်ရကာ ပျောက်ကွယ်ကြကုန်သည်။
  
လေထဲမှာတော့ သွေးနှင့် သံချေးအနံ့တွေပျံ့နေ၏။ ယာယီနန်းဆောင်ကနေ ထွက်လာပြီးနောက်မှာတော့ ချက်ချင်းဆိုသလိုပင် စန်းယွမ်ယွမ်သည် မိုးကောင်းကင်ကို ထိုးဖောက်ကာ မြေကြီးကို ဖုံးလွှမ်းသွားမတက် ကျယ်လောင်သော အသံနက်ကြီးကိုကြားလိုက်ရသည်။
 
"ဒါက..."
  
သူမ မော့ကြည့်လိုက်တော့ တံတိုင်းထိပ်မှာ မီးခိုးငွေ့တွေ ပျံ့ကြဲနေတာကို မြင်လိုက်ရလေသည်။
  
နတ်ဆိုးတွေက ခံတပ်အထိ တိုက်ခိုက်နိုင်သွားပြီလား!
  
ယာယီနန်းဆောင်အပြင်ဘက်မှာတော့ ကြီးမားလှသည့်တပ်ဖွဲ့ကြီးဟာ စနစ်တကျသေသပ်စွာဖြင့် တန်းစီရပ်နေကြပြီဖြစ်ကာ ယုံးဝူမင့်၏ အမိန့်ကိုစောင့်ဆိုင်းနေလေ၏။
  
ယုံးဝူမင့်မျက်နှာမှာ ဘာအမူအရာမှာရှိမနေပေ။ သူက မျက်တောင်ကို အနည်းငယ်အောက်စိုက်ထားကာ မတိုးလွန်း မကျယ်လွန်းသော လေသံဖြင့် ဆိုလာသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now