Unicode
ချက်ချင်းပင် သူမသည် နောက်ထပ် ကြောက်စရာကောင်းသော အရာတစ်ခုကို သတိထားမိသွားပြန်သည်။ နတ်ဆိုးတွေက မပျံတတ်ကြချေ။
ဆိုတော့ သူတို့ တံတိုင်းအပေါ်ရောက်အောင်တောင် တွယ်တက်နိုင်ကြပြီဆိုတော့ တံတိုင်းရဲ့ တစ်ဖက်ခြမ်းမှာလည်း ဒီလိုအလောင်းမျိုးတွေနဲ့ ပြည့်နေပြီများလား။
မသိလိုက်စွာပင် သူမကိုယ်က အနည်းငယ် တုန်ယင်သွားလေသည်။
ယုံးဝူမင့်က ရယ်မောလိုက်ရင်း"မင်းက ဘာတွေ ကြောက်နေတာတုန်း။ မင်းကိုယ့်ကိုတောင် မကြောက်တာ။ ဘာကိစ္စနဲ့များ နတ်ဆိုးတွေကိုကြောက်နေရတာလဲ။ ရှောင်စန်းကော်....မင်းသဘောကျနေတဲ့အမျိုးသားက နတ်ဆိုးတွေထက်အများကြီး ကြမ်းကြုတ်ရက်စက်တယ်ကွ"
ပြောပြီးသည်နှင့် သူက နောက်ကျောဘက်ကနေ ဧရာမဓါးနက်ကြီးကို လက်တစ်ဖက်ဖြင့် ဆွဲထုတ်ကာ သူ့ဘက်ခြမ်းမှာ ခပ်နှိမ့်နှိမ့်ထားလျက် အသင့်ပြင်ထားလိုက်သည်။
သွမ်မင့်က မြန်မြန်ပြေးစ ပြုလာ၏။
ဥက္ကာပျံတစ်ခုအလား သွမ်မင့်ဟာ ဂိတ် တစ်ခုပြီးတစ်ခုကို ဖြတ်ကျော်လာခဲ့သည်။ ဂိတ်စောင့်စစ်သားတွေကလည်း ဤလူ၏ အပြုအမူကို ကောင်းကောင်းနားလည်ထားကြပုံပေါ်၏။ ဓါးသွားအဖျားက အနက်ရောင်သံမဏိကြမ်းပြင်တလျောက် ပွတ်ဆွဲလာကာ မီးပွားတွေဖြာလာသည်ကို မြင်သည်နှင့် သူတို့ဟာ ဂိတ်အလယ်ရှိ တံခါးလေးကို အမြန်ဆွဲဖွင့်ကာ ယုံးဝူမင့်ကို ဖြတ်သန်းခွင့် ပြုလိုက်ကြတာပဲ ဖြစ်သည်။ဟန်ပြည်နယ်က တပ်မဟာကြီးကတော့ ဘေးနှစ်ဖက်ရှိ စင်္ကြန့်တစ်လျောက်ကနေ ခံတပ်မြို့ရိုးရှိရာ အပြေးတက်သွားကြပေမဲ့ ယုံးဝူမင့်ကတော့ ဂိတ်တံခါးတွေကနေ ဖြတ်ကာ ရှေ့တန်းသို့ တန်းတန်းမတ်မတ် သွားနေလေ၏။
ရှေ့ဆက်သွားလေ အနက်ရောင်သံမဏိတွေ၏ အနံ့က သူမခန္ဓာကိုယ်အပေါ် ပို၍ လေးလံစွာ ပိကျလာလေ ဖြစ်ကာ စန်းယွမ်ယွမ်မှာ မွန်းကြပ်လာတော့သည်။
သူမ၏ ရင်ဘတ်ထဲရှိနှလုံးက အရူးအမူး ခုန်ပေါက်နေသည်။ မှောင်မဲကာ ထိုင်းမှိုင်းနေသော နေရာထဲမှာ သံမဏိတံခါးငယ်တို့ ဖွင့်သံ၊ ပိတ်သံသာ ရှိနေသည်။
VOCÊ ESTÁ LENDO
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romanceစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️