အခန်း၁၃၈

1.4K 202 2
                                    

ညီမလေးကလည်း ဉာဏ်ကောင်းပေမယ့် အစ်မလောက်ထိတော့ မဟုတ်ဘူးနော်...

ထိုအရာသည် ကျီရှင်းရှင်း ငယ်စဉ်က အခြားသူများထံမှ အ​မြဲကြားလေ့ရှိသော စကားဖြစ်သည်။

ကျီရှင်းရှင်းသည် စာမတော်သူမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့်၊ သူမသည် ရွယ်တူများထက် တကယ်ကို ထက်မြက်ပြီး ရင့်ကျက်သောသူဖြစ်သည်။ သူမရဲ့အစ်မသာ တကယ့်ဉာဏ်ကြီးရှင် မဟုတ်ဘူးဆိုလျှင် သူမဟာ တခြားလူများ၏ချီးကျူးမှုကို အလွယ်တကူ ရရှိနိုင်လောက်ပါသည်။

ဘယ်လောက်ပဲ ရေကုန်ရေခန်းကြိုးစားနေပါစေ အစ်မ၏နောက်ကို အမှီမလိုက်နိုင်ရသည့်အကြောင်းရင်းကို သူမ၏ကလေးစိတ်က နားမလည်နိုင်ခဲ့ပေ။ အမွှာတွေပဲ မဟုတ်ဘူးလား။

ကျီရှင်းရှင်းသည် ကျောင်းတွင် အဆင့်တစ်ရရန် ကြိုးစားနေရချိန်တွင် ကျီဖန်ယင်းသည် ဟွားလောကန်း ရွှေဖလား(သင်္ချာပြိုင်ပွဲ)မှ ပထမဆုကို ဆွတ်ခူးထားပြီးဖြစ်သည်။

ကျီရှင်းရှင်း အိုလံပစ်မေးခွန်းများကို အသည်းအသန် ဖြေရှင်းနေရချိန် ကျီဖန်ယင်းသည် ထိုမှရွှေဖလားကိုပင် ရယူထားပြီးဖြစ်သည်။

ကျီရှင်းရှင်းသည် သူမ၏ရွယ်တူများထက် စာသုံးနှစ်ကြိုလေ့လာနေချိန် ကျီဖန်ယင်းသည် သူမ၏အခန်းထောင့်တွင် စုပုံထားသော တက္ကသိုလ်ဖတ်စာအုပ်များပင် ပြီးသွားခဲ့ပြီဖြစ်သည်။ သူမသည် သူမတို့၏တက္ကသိုလ်ဝင်တန်းအိမ်နီးချင်းများ၏ စာများကိုပင် ကူညီပေးနိုင်ခဲ့သည်။

ကျီရှင်းရှင်းသည် Picassoနှင့် Beethovenတို့ အကြောင်းများကို စတင်လေ့လာနေချိန်တွင် ကျီဖန်ယင်းသည် ကမ္ဘာပေါ်ရှိ မည်သည့်တေးကိုမဆို ဖွင့်နိုင်သော စက်ရုပ်များကို ဖန်တီးနေပြီဖြစ်သည်။

လူတိုင်းက ကျီဖန်ယင်းကိုသာ အမြဲတမ်း အာရုံစိုက်နေကြတယ်။ သူတို့၏ ချီးကျူးစကားများသည် သူမအတွက်သာ အမြဲသီးသန့်ဖြစ်နေပြီး လောကပေါ်က ကောင်းတာမှန်သမျှ သူမ၏အပိုင်ကဲ့သို့ပင်။

သူမတို့နာမည်တွေတောင် မတူကြပေ။

ဖန်ယင်း (ထက်မြက်​သော), ရှင်းရှင်း (ရွှင်လန်းသော)

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now