အပိုင်း - ၆၂ ( လက်ထပ်ချင်နေသေးရဲ့လား )
{ ကြင်သူသက်ထားကို ရယူသိမ်းပိုက်နိုင်ဖို့ အရေးအကြီးဆုံးအချက်က ကိုယ့်ဘက်ကနေ စတင်ဖို့ပဲ}
ကျန်းဟူတစ်လွှားတွင် ဂိုဏ်းပေါင်းမြောက်များစွာ ရှိသော်ငြား ဥဒေါင်းမုခ်ဝဂိုဏ်းမှာ ထင်ရှားကျော်ကြားသော ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ ဂိုဏ်းချုပ်ဖြစ်သူ ကျိုးဒင်ထျဲန်းမှာ ကိုယ်ကျင့်သီလ ဖြောင့်မတ်မှန်ကန်ကာ အမြော်အမြင် ကြွယ်ဝပြည့်စုံသည့်အပြင်၊ ဥဒေါင်းသည်းခြေဟုခေါ်သည့် ရတနာတစ်ပါးရှိခြင်းကြောင့် ဥဒေါင်းမုခ်ဝဂိုဏ်းမှာ ထင်ရှားပေသည်။
အနှီဥဒေါင်းသည်းခြေက မည်သည့်အရာဖြစ်မှန်း မည်သူကမှ တိတိကျကျမသိပါ။ အချို့က ၎င်းအား လျို့ဝှက်ကျမ်းဟု ပြောကြကာ အချို့က ရတနာမြေပုံဟု ဆိုကြ၏။ အချို့ကမူ ပြိုင်ဘက်ကင်းဓားတစ်စင်းဟုဆိုကာ အချို့ကမူ မြင့်မြတ်သန့်စင်သော ရှေးဟောင်းငှက်တစ်မျိုး၏ ခန္ဓာကိုယ်အစိတ်အပိုင်းဟုလည်း ဆိုကြသည်။ ၎င်းကိုသာ မျိုချလိုက်ပါလျှင် အစွမ်းအစများ တိုးမြှင့်လာကာ ရန်သူတစ်ရာအား ကိုယ်တစ်ယောက်တည်းနှင့်ပင် အလဲထိုးနိုင်သည်ဟု ဆိုကြ၏။
သိုင်းလောကနှင့် ဆက်နွယ်သော ကောလဟာလများမှာ သာမန်ဇာတ်လမ်းထက်တော့ အနည်းငယ် ထူးခြားဆန်းကြယ်ကြသည်သာ။ ထိုသို့ထူးဆန်းသောကြောင့်လည်း ထမင်းစားပြီးသောက်ပြီး အပျင်းပြေပြောကြသော ပုံပြင်များသဖွယ် ဖြစ်လာကြခြင်းဖြစ်သည်။ သို့နှင့်ပင် ဥဒေါင်းမုခ်ဝဂိုဏ်းမှာ အများပြည်သူများကြား စိတ်ဝင်စားဖွယ်ရာ ထူးဆန်းမှုတစ်ခုဖြစ်ကာ အခြားဂိုဏ်းများကပါ ပြောစမှတ်ပြုဖြစ်ကြသည်။ အချို့ကလည်း ထိုဥဒေါင်းသည်းခြေအား အစမ်းသွားယူကြည့်ထူး၏။ သို့သော် အောင်မြင်မှုမရဖူးပါဘဲ လက်ချည်းဗလာသာ ပြန်လာခဲ့ရ၏။
လုကျွေးက ဆိုလာသည်။
"ကျွန်တော်ကြားဖူးသလောက်တော့ လူကြီးမင်းကျိုးက စိတ်အရမ်းဆတ်ပြီး သူ့သားကို အိမ်အနှံ့ လိုက်ရိုက်တတ်တယ်ပြောတယ် "
ကျောက်ယွဲ့ - "......"
လုကျွေးက ရင်မောစွာ ဆိုလာပြန်၏။
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...