Part-1

10.7K 386 40
                                    

အလယ်တန်းအဆင့်ပြီးဆုံးပြီးနောက်...
အထက်တန်း ကျောင်းသူလေး ဖြစ်လာခဲ့ပြီဆိုတော့..
ချောစုခင်တို့ ပိုကြိုးစားရပေအုံးမယ်....
ဖေဖေရဲ့ သူငယ်ချင်း ဒေါ်ယဉ်မျိုးသူ က
ကျူရှင်ဝိုင်းထောင်ထားသည်တဲ့....
မနှစ်ကဆို ၆ဘာသာထွက်တဲ့သူတောင် ရှိသေးသည်.
ဖေဖေရဲ့ စိတ်တိုင်းကျ အဲ့ ကျူရှင်မှာ တက်ဖြစ်တယ်

အစကတော့ မယဉ်က ၉တန်း မသင်ပါဘူး...
သူ့ရဲ့တူလေး..အာကာထက် မှာလည်း
ချောစုနဲ့ အတန်းတူမို့...၉တန်းဝိုင်းပါထောင်လိုက်ခြင်းဖြစ်သည်....
အတန်းဖော် စုစုပေါင်း ၆ယောက်သာရှိသည်...
မိန်းခလေး ၂ယောက် ယောကျာ်းလေး ၄ယောက်...
သက်ြန်လည်း ပြီးပြီဆိုတော့...
မနက်ဖြန်ဆို ကျူရှင် စတက်ရပါတော့မည်.....

"သမီးရေ...ကျူရှင်သွားရမှာ ဘာလို့
အဲ့သလောက်တောင် ရေအကြာကြီးချိုးနေရတာလဲ"

"လာပြီ မေမေရေ...ဒီမှာ အကျီရွေးနေရလို့..."

ပေါ့ပေါ့ပါးပါးဖြစ်အောင်..
ဆံပင်ကို မြင့်မြင့်စီးပြီး...T shirt အမဲ...
ကာတွန်းဘောင်းဘီ အနီဖြင့် သာ သွားတော့သည်...
ဒီနေ့ဟာ..ကျူရှင် ပထမဆုံးနေ့မို့လည်း အနည်းငယ်ရင်ခုန်နေသည်...
စာတွေကလည်း အဂ်လိပ်လိုပဲ
သင်ရတော့မည်မလား...
ချောစု အဂ်လိပ်စာ ညံ့ဖျင်းတာတော့...
ကိုယ်တိုင်သာ အသိဆုံးပါပဲ....
ဒီနေ့က..မယဉ်ပြောပြထားတဲ့ အချိန်စာရင်းအရဆို
Maths အချိန်သာ ဖြစ်သည်....
Mathsရယ်.. Physics ရယ်.. Chemistry ရယ်
သင်ပေးမဲ့ ဆရာမဟာ..တစ်ယောက်တည်းသာ...
"ဒေါ်နွယ်နီခိုင်"တဲ့.....

"တီချယ်...ဝင်ခွင့်ပြုပါ..."

"အင်း...ဝင်ခဲ့..."

ချောစု‌ ကျူရှင်ရောက်ချိန်မှာ...၁၅မိနစ်ကျော်မျှနောက်ကျနေသည်....
ကျူရှင်မှာတော့...လူအစုံရောက်နေပြီ...
လူသိပ်လည်း မများတဲ့အတွက်..
အရှေ့တန်း၂တန်းမှာပင်..လူအပြည့်ဖြစ်နေသည်..
ယောကျာ်းလေးဘက်ခြမ်းတွင်..
၂ယောက် ၁တန်းဖြင့်...
ဒုတိယအတန်းထိ ထိုင်သည်...
မိန်းခလေး ဘက်တွင်တော့...အသားဖြူဖြူ
ခပ်ဝဝ ကောင်မလေး တစ်ယောက်သာတွေ့သည်..

"ဟိတ်...ဝင်ခဲ့လေ..."

"ဟုတ်ကဲ့..."

ချောစု အတွေးလွန်နေသဖြင့်...ဆရာမကိုတောင်
မကြည့်မိပေ...
အခန်းထဲဝင်ပြီးနောက်...
မိန်းခလေးဘက်ခြမ်းမှ ဒုတိယတန်းခုံတွင်ထိုင်လိုက်သည်....

အဝေးကအချစ် ပိုလေးနက်သည် Where stories live. Discover now