Chapter 15

199 15 3
                                    

"သူတို့ စကားမပြောရလေ ပိုလွမ်းကြလေပဲ

ဒါသာအချစ်မဟုတ်ခဲ့ရင် အချစ်ကဘာများဖြစ်မလဲ?"

"အီယူ ပြန်ရောက်ပြီမေမေ"

မေမေက အီယူ့ကိုလှည့်ကြည့်ပြီး နူတ်ဆက်သည်။

"အီယူ အဝတ်အစားသွားလဲပြီးစားဖို့အောက်ဆင်းလာခဲ့၊ဒီနေ့စားပွဲမှာစားကြမယ်"

"အီယူ computer ခဏလေးဖွင့်လိုက်ဦးမယ်နော်"

"မြန်မြန်လုပ်နော်၊ အီယူမစားရင် ဗိုက်အောင့်လိမ့်မယ်"

အီယူက သဘောတူသည့်အနေဖြင့်ပြုံးပြီး ဒုတိယထပ်သို့မြန်မြန်ပြေးတတ်သွားသည်။

အီယူကComputerဆီသို့တန်းတန်းမတ်မတ်သွားပြီး computer ပွင့်တာစောင့်နေချိန်တွင် အီယူ့လက်ချောင်းတွေက စားပွဲကို တောက်နေသည်။

အီယူ့ရဲ့ inboxထဲမှာ emailအသစ်ဝင်နေတာကြောင့်အီယူ ရင်တွေခုန်သွားသည်။

အီယူ အရင်ကသုံးခဲ့သည့် Message appကိုမသုံးတော့ပါ၊P'Pao အကြံပေးသလိုပဲကိတ်နဲ့စကားပြောဖို့ emailကိုသာသုံးတော့သည်။

ဒီနည်းလမ်းကအီယူတို့ကြားက  အချိန်ကွာခြားမူပြသနာကိုလဲ ရှင်းပြီးသားဖြစ်သွားသည်။အီယူ ထိုင်ပြီး connect ဖြစ်တာကိုစောင့်စရာမလိုတော့ပါ၊ အီယူ ကိတ်ကိုပြောချင်သမျှအားလုံးကိုရေးပြီး ပို့ကာ ကိတ်ရဲ့ပြန်စာကိုစောင့်ရုံပဲဖြစ်သည်။

ဒီနည်းလမ်းက နှေးကွေးသည်ဆိုရင်တောင်ကိတ်ရဲ့ စာတွေကိုဖတ်ရသည့်အချိန်တွင် အီယူ မပြုံးပဲမနေနိုင်ပါ။

အခုလိုပေါ့၊နောက်ဆုံးဝင်ထားသည့် စာရဲ့ subjectကို မြင်တော့အီယူပြုံးမိသည်။

"အရမ်းအေးတယ်"

Cake T<cake.k@gmail.com>
Today 0.45am
To Seeiw _eiw@gmail.com

"ကိတ် အဆင်ပြေပါတယ်၊ ဒီမှာနေရတာ အိမ်မှာထက်စာရင်အေးခဲတော့မယ်၊ air conဖွင့်ထားတဲ့အချိန်ဆို ဆယ်ဆလောက်ပိုအေးတယ်၊

Creamဆိုသူရေချိုးခါနီးတိုင်းအမြဲတုန်နေတာ၊သူကရေမချိုးချင်ဖူး၊ ကိတ်ပြောလိုက်တယ်၊အီယူသာဆို Creamကိုခွင့်ပြုမှာမဟုတ်ဖူးလို့၊။

အချစ်ဦးနှင့်ဖြစ်နိုင်ချေ12%Where stories live. Discover now