Part-2🚨🚨

10.7K 263 11
                                    

Unicode

"ဗျာ သူ သူဌေး အခုဘာပြောလိုက်တာလဲ
ကျွန်တော် အလုပ်က Waiter လေ ကျွန်တော်ကဘာလို့ သူဌေးပြောသလို လုပ်ရမှာလဲ"

"မင်းစာချုပ်ကိုသေချာမဖတ်ဖူးလား စာချုပ်ထဲမှာပါတယ် ဧည့်သည်တွေလိုရင် အသုံးတော်ခံပေးရမယ်လို့ "

"ကျွန်တော့် ကို စာချုပ်ခဏပြန်ပြပါ"

သူဌေးလည်းညစ်ကျယ်ကျယ်ပြုံးပြီး စာချုပ်ကို ပြစ်ပေးလိုက်သည်

Taehyung လည်း စာချုပ်ပါအကြောင်းအရာတွေကိုအခုမှသေချာ ကြည့်မိတော့သည်
စာချုပ်ပါအကြောင်းအရာတွေကြောင့်ခဏတာ စွံ့အ သွားသည် စာချုပ်ထဲမှာလည်း နှစ်မပြည့်ပဲထွက်ရင် လစာရဲ့ 10စ ပြန်ပေးရမယ်ဆိုတာကြီးကိုတွေးပြီး စိတ်ညစ်နေတော့သည် အခုနေမလုပ်နိုင်ဘူးဆိုပြီးထွက်ရင်လည်း လစာ 10စ ပြန်လျော်ရမှာမို့ အကျပ်ရိုက်နေတော့သည်
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားသည်
နောက်ဆုံး သူဌေးကိုအသနားခံကြည့်ဖို့ပဲကြိုးစားကြည့်တော့သည်

"ဟိုလေ သူဌေး ကျွန်တော်ကလေ Waiterအလုပ်ပဲထင်တာ ဒီလိုအလုပ်မျိုးလုပ်ရမယ်လို့မထင်ထားဘူး ကျွန်တော့ကို သနားသောအားဖြင့် ကျန်တာအကုန်ခိုင်းပါ လုပ်ပေးပါ့မယ်အဲ့အလုပ်ကြီးကတော့ ကျွန်တော်မလုပ်ချင်လို့ပါ"

"ဘယ်ရမလဲ မင်း စာချုပ်မှာ လက်မှတ်မထိုးခင်သေချာကြည့်လေ အခုမှ ငါ့ကို လာပြီး ဒီလိုစကားမျိုးလာမပြောနဲ့ အခုဧည့်သည်ကမင်းကိုလိုအပ်နေပြီ မင်း မသွားဘူးဆိုရင် လစာရဲ့10စလျော်ပြီး ပြန်လိုက်တော့ မလျော်နိုင်ရင် ငါခိုင်းတဲ့အတိုင်းလုပ်"

Taehyung လည်းတော်တော် အကျပ်တွေ့သွားသည် လစာ10စ ပြန် လျော်ဖို့နေနေသာသာ အိမ်လခတောင် မပေးနိုင်သေးဘူး Taehyung မှာငိုမဲ့မဲ့လေးဖြစ်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ
ငူငူကြီး ပဲရပ်နေတော့သည်

"ဟေ့ ငါပြောတာ ကြာလား မင်းဘယ်လိုလုပ်မှာလဲ မလုပ်နိုင်ရင် ပိုက်ဆံလျော်ပြီးသွားတော့ အချိန်မရှိဘူး ဧည့်သည်စောင့်နေရတာ ကြာလို့ပြောရင် ငါတို့ဆိုင်မိတ်ပျက်မယ်"

Sex PartnerTempat cerita menjadi hidup. Temukan sekarang