<Zawgyi/>
" ဟော...ငါ့သမီး Ruby Jane မျက်နှာ
အိမ်မှာတွေ့ရပြီပဲ..."အိမ်ထဲဝင်လာသော သမီးဖြစ်သူအား
တွေ့၍ Mr.Kim Soohyun ဧည့်ခန်းထဲက နေ
လှမ်းပြောလိုက်တယ်...၊ အဲ့တော့ ဆူပုတ်ပုတ် သမီးလေးရဲ့
အကြည့်က သူ့ဆီက ရောက်လာတယ် ။
တကယ့်ကို ပေစုတ်စုတ်ဘုကလန့်လေး...Mr. Kim Soohyun
ပြုံးလိုက်မိတယ် ။အခုတလော သူတို့သားအဖ ရန်သိပ်မဖြစ်ကြဘူး
မတွေ့ဖြစ်ကြလို့လားမသိ ။ သူကလည်း အမြဲအလုပ်
နေပြီး Ruby ၇လည်း အိမ်မှာ မကပ်ဘူးလေ ။" ကိုယ့်သမီးအိမ်က နှစ်ရက်လောက်ပျောက်သွားတာတောင်
ဧည့်ခန်းထဲ အငြိမ့်သားထိုင်ရင်း
ကော်ဖီသောက်နေနိုင်သေးသားပဲနော်..."Ruby ရဲ့ ခနဲ့စကား ၊ မျက်စောင်းလည်း
ခပ်သေးသေးထိုးလိုက်သေးတယ် ။ Mr. Kim Soohyun
ဟက်ခနဲရယ်လိုက်မိရင်း..." ကိုယ့်သမီးက ရှေ့နေတစ်ယောက်ရဲ့
တိုက်ခန်းမှာ လုံလုံခြုံခြုံရှိနေတယ်ဆိုရင်တော့
ထိုင်သောက်နေသင့်တယ်လေ "သူ့စကားကြောင့် မျက်မှောင်ကြုံ့သွား
တယ့် သမီးဖြစ်သူကြောင့် ထပ်ပြုံးမိပြန်တယ် ။" တစ်ယောက်တည်းရှိတယ့်သမီးလေ
ဘယ်နေရာမှာ ဘယ်လိုရှိနေလဲ လောက်တော့ စုံစမ်းခွင့်ရှိတယ်
မဟုတ်လား..."Ruby ဟာ ဘာမှမပြောသော်လည်း
ခေါင်းတဆတ်ဆတ်ငြိမ့်နေတယ် ၊ မှားတော့ မမှားပါဘူးဆိုတယ့်
မျက်နှာပေးနဲ့...။" Ruby...သူနဲ့ အခြေအနေဘယ်လိုလဲ "
" ဘယ်သူနဲ့လဲ "
မသိချင်ယောင်ဆောင်ပြီး
မေးနေတယ့် ကလေးမ ။" Kim Jisoo ကိုပြောတာ...။
ကိုယ့်သမီးရဲ့အချစ်ရေးကိစ္စကို အခြေအနေ
လောက်တော့ သိထားသင့်တယ် မဟုတ်လား "ဒီကိစ္စကို စကားစတယ့်အခါ
သူ့သမီးရဲ့ မျက်နှာဟာ တည်သွားတယ် ။
သူကလည်းအလေးအနက်နဲ့ ပြောနေတာ...။
Ruby ဘာချက်ချင်းဘာစကားမှ
မတုံ့ပြန်လာသေးဘဲ နှုတ်ခမ်းကို ကိုက်နေတယ် ။
အတွေးများနေတယ့်ပုံပဲ...။" ပြောဖို့အဆင်မပြေဘူးဆိုလဲ..."
" အဆင်မပြေဘူး...ပိုပြေလာတယ်
ထင်ခဲ့ပေမယ့် မပြေဘူး ။ အခုသူနဲ့အတူရှိနေခွင့်ရနေပေမယ့်
အရှေ့ကိုကြိုတွေးမိရင် မျှော်လင့်ချက်မဲ့နေသလိုပဲ..."