Unicode
မနက်ခင်းရဲ့နေရောင်ခြည်နဲ့အတူ အောက်ပိုင်းနာကျင်မှုနှင့်နိုးထလာမိသည် ဘေးကိုကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် Jungkookကိုတွေ့သည် Taehyung လည်း ကုတင်ပေါ်ကနေအသာဆင်းပြီး ခြေသံမကြားအောင်ဖော့လျှောက်ပြီး အခန်းပြင်ထွက်လာလိုက်သည် ပြီးတော့မှ သူ့မနက်ပိုင်းအလုပ်ရှိတဲ့စီကိုထွက်လာလိုက်တော့သည်
Jungkook တစ်ယောက် အိပ်ယာကနိုးတော့ Taehyungကိုရှာမိသည် ရှာမတွေ့တဲ့အဆုံး
Taehyung ရဲ့အလုပ်ရှင်သူဌေးနဲ့တွေ့ဖို့ သွားတော့သည်"ဖောက်သည်ကြီး ညကအစဥ်ပြေတယ်မှတ်လား"
"အရမ်းကိုအစဥ်ပြေတယ် ကျွန်တော် ခင်ဗျားကို ပြောစရာရှိတယ်"
"ပြောပါ ဖောက်သည်ကြီး"
"ညကကျွန်တော်နဲ့အိပ်ခဲ့တဲ့ကောင်လေးကို ကျွန်တော့်အပိုင်ဖြစ်ထားချင်တယ် ခင်ဗျား အဲ့ကောင်လေးကိုကျွန်တော့်ကိုပေးပါ သူ့အကြောင်းလည်းအားလုံးသိချင်တယ် သူ ဘယ်မှာနေလဲလည်းသိချင်တယ်"
"သူ့နေတဲ့အိမ်လိပ်စာကတော့ သူ့ CVဖောင်မှာ
ဖြည့်ထားတယ်ကြည့်ကြည့်လိုက်ပါ သူ့တခြားအကြောင်းကတော့ ကျွန်တော်လည်းမသိဘူး
သူကမနေ့ကမှအလုပ်စဝင်တာဆိုတော့ ခင်ဗျားသူ့ကိုအပိုင်လိုချင်ရင် သူ့လစာ10စ ပြန်လျော်ပေးလေ ဒါဆို သူ ဒီမှာ အလုပ် လုပ်စရာမလိုတော့ဘူး""ကောင်းပြီ ခင်ဗျားပြောတဲ့လစာ10စကိုကျွန်တော်ပေးမယ် ကျွန်တော် အိမ်ပြန်ရောက်တာနဲ့ ခင်ဗျား အကောင့်ထဲကို ငွေလွဲလိုက်မယ်
သူ့နဲ့ခင်ဗျားနဲ့ချုပ်ထားတဲ့စာချုပ်ကိုကျွန်တော့်ကိုပေးပါ ""ရတာပေါ့ ရော့ဒီမှာ စာချူပ် တစ်ခါထဲယူသွားလိုက်"
"Ok ဒါဆိုသွားပြီ "
Jungkookလည်း Taehyungနဲ့သူ့ သူဌေးချုပ်ထားတဲ့စာချုပ်ကိုယူပြီး Taehyung. CV
ေဖာင်ထဲက အိမ်လိပ်စာအတိုင်း Taehyung အိမ်ကိုလိုက်လာလိုက်သည် ထိုအချိန် ။📞📞📞📞
"အေး Subin ပြော"
"မင်းဘယ်မှာလဲ ငါတို့မင်းကိုလိုက်ရှာနေတာ"