MX 13

4.5K 459 29
                                    

Unicode

မည်သူမျှ ဖြတ်သန်းသွားလာခွင့်မရှိသော သီးသန့်နန်းဆောင်၏ ပတ်ဝန်းကျင် အနီးတစ်ဝိုက်သည် တိတ်ဆိတ် ငြိမ်သက်လျက် ရှိသည်။ ရိပေါ်သည် စံအိမ်ရဲ့အနောက်ဖက်က ဓါးရေးလေ့ကျင့်ကွင်းမှာ ဓါးသိုင်းကစားနေသည်။

ရွှက်...

ရွှက်...

ရွှက်...

ဓါးတစ်ချက်အဝှေ့မှာ လေ့ကျင့်ရေးစစ်သည်အရုပ်တွေက ခေါင်းကနေ ပြတ်ထွက်သွားသည်။ မြေပြင်ပေါ် ခြေပြန်အချမှာ မတ်တပ်ရပ် လက်ပိုက်လျက် သူ့ကို ပြုံးလို့ စိုက်ကြည့်နေတဲ့ ရှောင်းကျန့်ကို တွေ့လိုက်ရသည်။

သူ့အနားမှာ စောင့်ကြပ်ပေးနေသည့် ချန်ဟွေ့ကိုမတွေ့ရတာကြောင့် ရိပေါ်က မျက်လုံးကို မသိမသာတစ်ချက်ဝေ့ကြည့်လိုက်သည်။ ရှောင်းကျန့်က သူ့အကြည့်ကို သဘောပေါက်လေဟန်ဖြင့်

"ဦးလေးချန်ဟွေ့က လက်နက်တိုက်ကို သွားစရာရှိလို့ အရှင်"

ချန်ဟွေ့က ရှောင်းကျန့် သွားခိုင်းလို့မှ မဟုတ်လျှင် သူ့ဖာသာတော့ ထွက်သွားမှာမဟုတ်ပေ။ ရိပေါ်က မျက်နှာတည်တည်ဖြင့်

"မောင်မင်းအမိန့်က အရာရာပဲ မဟုတ်လား"

ရှောင်းကျန့်ရဲ့မျက်နှာက တည်ငြိမ်သွားပြီး သူ့အနားကို လျှောက်လာသည်။

"ကျွန်တော်မျိုးကို အရှင် ကြိုက် တဲ့ အမိန့်ပေးလို့ရပါတယ်."

ရိပေါ်က မျက်လုံးတစ်ချက်စွေကြည့်လိုက်သည်။ ရှောင်းကျန့်စိုက်ကြည့်နေတာနဲ့ဆုံတော့ မျက်နှာကို ချက်ချင်းပြန်လွှဲလိုက်ပြီး

"ကိုယ်တော်ကလား..."

"ဟုတ်ကဲ့။ အရှင်က ကျွန်တော်မျိုးကို အမိန့်ပေးနိုင်ပါတယ်။ ကြိုက်ရာလည်းတောင်းဆိုနိုင်တယ်."

အရှင်က ပြုံးနေသည်။

"မောင် မင်း မ ပေး နိုင် တာ ဖြစ် နေ မယ်"

"အ ရှင့် အ တွက် အ သက် တောင် စွန့် နိုင် သူ မှာ မ ပေး နိုင် တာ ရှိ မ တဲ့ လား"

"..."

ရှောင်းကျန့်က နဖူးကို လက်ညှိုးနဲ့ အသာတို့ရင်း ပြုံးလျက်

My Xiao (ငါ့ရဲ့ရှောင်း)Where stories live. Discover now