Unicode:
" ဂျီမင်း . . . "
ဂျောင်ဂု စိတ်ကိုအဆုံးထိလျှော့ချလိုက်ပြီးမှ သက်ပြင်းကို ခပ်နာနာချရင်းနဲ့ ဂျီမင်းရဲ့နာမည်လေးကို ခပ်တိုးတိုးအသံဖြင့်ခေါ်လိုက်တော့ ဂျီမင်းလည်း မော့ကြည့်လာသည်။
ဂျောင်ဂုပုံစံက သူကိုယ်သူစိတ်မလှုပ်ရှားအောင် ထိန်းချုပ်နေပုံနဲ့တူသည်မို့ ဂျီမင်းလည်းအနည်းငယ်ပြုံးပြလိုက်ပြီးမှ ဂျောင်ဂုပြောမယ့်စကားကိုစောင့်နေမိသည်။
" ဒီသီချင်းက မင်းအတွက်ပါ။ ကိုယ်မင်းကို မြင်မြင်ချင်းကတည်းက ချစ်ခဲ့မိတာ။ မင်းရဲ့ ခပ်စွာစွာမျက်နှာပေးလေးက ကိုယ့်ရင်ဘတ်တစ်ခုလုံးကို ဗြောင်းဆန်စေခဲ့တာ။ စချစ်မိခဲ့တဲ့အချိန်ကတည်းက မင်းကကိုယ့်အတွက်တစ်ဦးတည်းသောဆိုတာ သိခဲ့ရတယ်။ ကိုယ်ဒီထက်ပိုပြီး စကားတွေကိုဖွဲ့နွဲ့မပြောတတ်ပေမယ့် ကိုယ်ကမင်းကို သိပ်ချစ်မိနေတဲ့ကောင်ပါ ဂျီမင်းရာ "
သူ့ကြောင့်မို့ ဂျောင်ဂုဆိုတဲ့နာမည်ကိုမြတ်နိုးမိလာတာကိုတော့ ထည့်မပြောဖြစ်တော့။
သူ့ကြောင့်မို့ ကိုရီးယားစကားကိုပဲ အမြဲပြောချင်လာမိတာကိုတော့ ထည့်မပြောဖြစ်တော့။
သူ့ကြောင့်မို့ မုန်းမိတဲ့ အသီးအရွက်တွေကိုတောင် အားရပါးရစားတတ်လာတာကိုတော့ ထည့်မပြောဖြစ်တော့။
သူက လမင်းလေးမို့ ကျွန်တော့်ရင်ဘတ်မှာ နေမင်းကြီးရှိနေတာကိုတော့ ထည့်မပြောဖြစ်တော့။ဖွင့်ပြောလိုက်ပြီးမှ ဂျောင်ဂုခေါင်းကိုငုံ့ထားလိုက်မိသည်။ ဂျီမင်းရဲ့အဖြေက သူမျှော်လင့်ထားတဲ့အဖြေလေးပဲဖြစ်ပါစေလို့ တစ်ချိန်လုံးဆုတောင်းခဲ့ရတာ။ အကယ်၍များ ဂျီမင်းရဲ့အဖြေက သူမမျှော်လင့်ထားတဲ့အဖြေတစ်ခုဖြစ်နေခဲ့ရင်ရော ရင်ကွဲရမှာလား။
" ဂျီမင်း ....."
အတန်အတော်ကြာသည်အထိ ဂျီမင်းဘက်က တိတ်ဆိတ်နေတာမို့ ဂျောင်ဂုခေါင်းပြန်မော့ရင်းမှ ဂျီမင်းကို ကြည့်မိသည်။ ကောင်းကင်ကြီးကို မော့ကြည့်နေတဲ့ဂျီမင်းရဲ့ပုံစံက တကယ်တော့ နားမလည်နိုင်စရာကောင်းလှသည်။
" မင်းငါ့ကိုဘာလို့ဖွင့်ပြောရတာလဲ "
ဂျီမင်းက အေးတိအေးစက်လေသံဖြင့်မေးလာသည်။ ကောင်းကင်ကြီးကိုမော့ကြည့်နေရင်းမှ သူ့မျက်နှာကိုကြည့်လိုက်တဲ့ ဂျီမင်းရဲ့မျက်ဝန်းတွေက နူးညံ့မှုအလျဉ်းမရှိပဲ နီဆွေးဆွေးဖြင့် ခက်ထန်စွာ။
YOU ARE READING
My Old Cardigan || KM // COMPLETED
RomanceYou drew stars around my scars But you threw me away with my old cardigan . . .