Epilogue

1.1K 211 9
                                    

Unicode:

ဂျူလီယန်ဟာ သူ့အဖေပြန်မလာသေးမချင်း တမျှော်မျှော်နှင့်။ ပြန်လည်းလာရော အိမ်ထဲဝင်လာတာ‌ကိုတောင် မစောင့်နိုင်တော့ပဲ ချက်ချင်းပြေးပြီးဖက်တာ.... သူ့ဒယ်ဒီရဲ့အချစ်ဇာတ်လမ်းက သူ့ကိုတော်တော်လေးဝမ်းနည်းစေသွားပုံပါပဲ။

" အရာရာအတွက် ကျွန်တော်တောင်းပန်ပါတယ် ဒယ်ဒီ။ နောက်ဆို ကျွန်တော်မဆိုးတော့ပါဘူး။ Cardigan လေးကိုလည်း ကျွန်တော်အဝေးကနေပဲ ထိန်းသိမ်းသွားပါ့မယ်လို့ ကတိပေးပါတယ် "

" အင်း အင်းပါ ... "

ဂျောင်ဂု ဘာမှထူးထူးခြားခြားမဆိုတော့ပဲ ခေါင်းသာညိတ်ရင်းပြောသည်။

" ဒယ်ဒီက အချစ်တွေနဲ့ထိုက်တန်သူပါ။ ဒယ်ဒီ့ရဲ့ နှလုံးသားလေးရောပဲ သူလည်း ဒယ်ဒီ့အချစ်တွေနဲ့ထိုက်တန်ပါတယ် "

ဂျူလီယန်ပြောလေတော့ ဂျောင်ဂုအလန့်တကြားပဲ ခရစ်တီးနားကိုလှမ်းကြည့်လိုက်ချိန်မှာ ခရစ်တီးနားက ရယ်ကျဲကျဲနှင့်။ ခရစ်တီးနား‌တို့ကတော့ လုပ်ချလိုက်ပြန်ပြီပေါ့။

" အင်း ဟုတ်တယ်။ ဒီဘဝမှာမဖြစ်နိုင်တော့ရင်တောင် နောင်ဘဝမှာ သူ့ကိုမရမကလိုက်ရှာပြီး ဒယ်ဒီက ဒယ်ဒီ့အချစ်တွေကို ပုံအောပေးဦးမှာ "

ပြောလိုက်တော့ ဂျူလီယန်ကပြုံးသည်။
__________

ဒီနေ့ညကောင်းကင်လေးက သိပ်လှတယ်။ ကြယ်တွေကိုသိပ်သဘောကျတဲ့ ကောင်လေးရဲ့အငွေ့အသက်တွေရအောင် ဗီရိုလေးထဲက cardigan လေးကိုထုတ်လာခဲ့ရင်း ရင်ဘတ်ထဲမှာ ပွေ့ဖက်ထားမိတယ်။

ကြယ်လေးတွေကိုငေးကြည့်နေရင်းမှ အတိတ်ကအဖြစ်အပျက်တွေကိုပြန်တွေးကြည့်မိရင်း ဝမ်းနည်းဝမ်းသာဖြစ်ရပြန်တယ်။ တစ်ဆက်တည်းမှာပဲ ကောင်းကင်ပေါ်ကို အလည်သွားနေတဲ့ကောင်လေးဆီသို့ ထပ်ခါတလဲလဲပေးဖြစ်နေတဲ့ ကတိလေးတစ်ခုထပ်ပေးဖြစ်လိုက်တယ်။

" နောင်ဘဝမှာ ပြန်ဆုံခဲ့ရင်လည်း ကိုယ်ဘက်ကပဲ စပြီးချစ်ပေးပါ့မယ်လို့ကတိပေးပါတယ်။ မင်းဘက်က ကိုယ့်ကိုယ်ကို ကျန်းမာရေးဂရုစိုက်ပြီး ကိုယ့်ဘေးမှာတစ်သက်လုံးနေသွားပါမယ်ဆိုတဲ့ ကတိလေးကိုပဲပေးပါ။ ကျန်တာဘာမှမ‌လိုအပ်ပါဘူး။ "

နသန်နီရယ်ဆိုတဲ့ကိုယ်ဟာ မင်းရဲ့ထာဝရ ဂျွန်ဂျောင်ဂုပါ။

T h e E n d

Zawgyi:

ဂ်ဴလီယန္ဟာ သူ႕အေဖျပန္မလာေသးမခ်င္း တေမွ်ာ္ေမွ်ာ္ႏွင့္။ ျပန္လည္းလာေရာ အိမ္ထဲဝင္လာတာ‌ကိုေတာင္ မေစာင့္နိုင္ေတာ့ပဲ ခ်က္ခ်င္းေျပးၿပီးဖက္တာ.... သူ႕ဒယ္ဒီရဲ႕အခ်စ္ဇာတ္လမ္းက သူ႕ကိုေတာ္ေတာ္ေလးဝမ္းနည္းေစသြားပုံပါပဲ။

" အရာရာအတြက္ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ဒယ္ဒီ။ ေနာက္ဆို ကြၽန္ေတာ္မဆိုးေတာ့ပါဘူး။ Cardigan ေလးကိုလည္း ကြၽန္ေတာ္အေဝးကေနပဲ ထိန္းသိမ္းသြားပါ့မယ္လို႔ ကတိေပးပါတယ္ "

" အင္း အင္းပါ ... "

ေဂ်ာင္ဂု ဘာမွထူးထူးျခားျခားမဆိုေတာ့ပဲ ေခါင္းသာညိတ္ရင္းေျပာသည္။

" ဒယ္ဒီက အခ်စ္ေတြနဲ႕ထိုက္တန္သူပါ။ ဒယ္ဒီ့ရဲ႕ ႏွလုံးသားေလးေရာပဲ သူလည္း ဒယ္ဒီ့အခ်စ္ေတြနဲ႕ထိုက္တန္ပါတယ္ "

ဂ်ဴလီယန္ေျပာေလေတာ့ ေဂ်ာင္ဂုအလန႔္တၾကားပဲ ခရစ္တီးနားကိုလွမ္းၾကည့္လိုက္ခ်ိန္မွာ ခရစ္တီးနားက ရယ္က်ဲက်ဲႏွင့္။ ခရစ္တီးနား‌တို႔ကေတာ့ လုပ္ခ်လိဳက္ျပန္ၿပီေပါ့။

" အင္း ဟုတ္တယ္။ ဒီဘဝမွာမျဖစ္နိုင္ေတာ့ရင္ေတာင္ ေနာင္ဘဝမွာ သူ႕ကိုမရမကလိုက္ရွာၿပီး ဒယ္ဒီက ဒယ္ဒီ့အခ်စ္ေတြကို ပုံေအာေပးဦးမွာ "

ေျပာလိုက္ေတာ့ ဂ်ဴလီယန္ကၿပဳံးသည္။
__________

ဒီေန႕ညေကာင္းကင္ေလးက သိပ္လွတယ္။ ၾကယ္ေတြကိုသိပ္သေဘာက်တဲ့ ေကာင္ေလးရဲ႕အေငြ႕အသက္ေတြရေအာင္ ဗီရိုေလးထဲက cardigan ေလးကိုထုတ္လာခဲ့ရင္း ရင္ဘတ္ထဲမွာ ေပြ႕ဖက္ထားမိတယ္။

ၾကယ္ေလးေတြကိုေငးၾကည့္ေနရင္းမွ အတိတ္ကအျဖစ္အပ်က္ေတြကိုျပန္ေတြးၾကည့္မိရင္း ဝမ္းနည္းဝမ္းသာျဖစ္ရျပန္တယ္။ တစ္ဆက္တည္းမွာပဲ ေကာင္းကင္ေပၚကို အလည္သြားေနတဲ့ေကာင္ေလးဆီသို႔ ထပ္ခါတလဲလဲေပးျဖစ္ေနတဲ့ ကတိေလးတစ္ခုထပ္ေပးျဖစ္လိုက္တယ္။

" ေနာင္ဘဝမွာ ျပန္ဆုံခဲ့ရင္လည္း ကိုယ္ဘက္ကပဲ စၿပီးခ်စ္ေပးပါ့မယ္လို႔ကတိေပးပါတယ္။ မင္းဘက္က ကိုယ့္ကိုယ္ကို က်န္းမာေရးဂ႐ုစိုက္ၿပီး ကိုယ့္ေဘးမွာတစ္သက္လုံးေနသြားပါမယ္ဆိုတဲ့ ကတိေလးကိုပဲေပးပါ။ က်န္တာဘာမွမ‌လိုအပ္ပါဘူး။ "

နသန္နီရယ္ဆိုတဲ့ကိုယ္ဟာ မင္းရဲ႕ထာဝရ ဂြၽန္ေဂ်ာင္ဂုပါ။

T h e E n d

My Old Cardigan || KM // COMPLETED Where stories live. Discover now