Unicode
Jungkook တစ်ယောက်ဒီနေ့ သူ့အဖွားBusan မှလာမှာမို့ စိတ်ညစ်နေမိသည် ။
အဖွားကတစ်ခါတစ်ခါလာရင် လနဲ့ချီပြီးနေတာ
အဖွားရှိရင်ငါ လွတ်လပ်မှာမဟုတ်ဘူး ခြေချုပ်မိတော့မှာအဖွားက ညဘက်ဆိုလည်းအချိန်နဲ့အခါနဲ့ပြန်လာမှကြိုက်တာ ကုမ္ပဏီက ညစာစားပွဲရှိတာတောင် ဖုန်းကို အခါတစ်ရာမကခေါ်ပြီး
ဆက်တာ ဘယ်တော့ပြီးမှာလဲ ဘယ်အချိန်ပြန်လာမှာလဲနဲ့ အဖွားလာရင်ငါတော့ လွတ်လပ်မှာမဟုတ်ဘူး ဟူး......စိတ်ညစ်လိုက်တာ>>>>>>>>>>>
"မေမေ ဒီတစ်ခါ ဘယ်နှစ်လနေ မှာလဲ"
"ညည်း အေ ခရီးရောက်မဆိုက် ငါတောင်အမောမဖြေရသေးဘူး ဘယ်နှစ်လနေမှာလဲတဲ့ ဘာလဲငါ့ကို မလာစေချင်ဘူးလား"
"မဟုတ်ပါဘူး မေမေရယ် သမီးက ဒီတိုင်းပဲမေးတာပါ ကိုယ့်မေမေ လာနေတော့ကောင်းတာပေါ့
သမီးလည်းမေမေ့ကိုလွမ်းနေတာပါ ""မသိပါဘူးအေ ကျုပ်ကိုများ မြန်မြန်ပြန်စေချင်နေတာလားလို့ ငါကလည်းဒီတစ်ခါ နင့်မောင်ကိုပြောခဲ့ပြီ ပျော်သလောက်နေမှာလို့ "
"မေမေတစ်သက်လုံးနေလည်းရပါတယ် သမီးကမေမေကိုပြုစုလို့တောင်ရသေးတယ်
မေမေက မေမေ့သားကိုပဲ စိတ်မချဖြစ်ပြီး လိုက်နေတာကိုး""ဟဲ့ငါ့သားကလူပျိုကြီးလေ ငါ့သားနားမှာ ငါရှိ
မှရမှာပေါ့ နင်တို့ကအိမ်ထောင်ကွဲတွေလေ လင်နဲ့သားနဲ့ ငါ့သားလေးမှာ ငါ့ပဲတွယ်တာစရာရှိတာ""ဟုတ်ပါပြီမေမေရယ် သမီးလည်းမေမေစိတ်တိုင်းကျနေခိုင်းတာပဲ အခုဒီမှာလာနေလည်းမေမေစိတ်ချမ်းသာသလိုနေ "
"ဒါနဲ့ညည်း သားရော မတွေ့ပါလား"
"ဒီနေ့ရုံးပိတ်ရက်မို့အိပ်နေတယ် မနိုးသေးဘူး"
"အေး ေကာင်းတာပေါ့ ဒီအချိန်ထိအိပ်တော့
ရုံးပိတ်ရက်လည်းအချိန်မှန်ထ လုပ်စရာရှိတာလုပ်ပေါ့ ညည်း လည်းအေ သားတစ်ယောက်ထဲရှိတာကြပ်ကြပ် အလိုလိုက်နော် ငါမပြောချင်ဘူး""အော် မေမေရယ် ရုံးပိတ်ရက်မို့ အိပ်တာပါ သားလေးက လိမ္မာပါတယ် အလုပ်ကြိုးစားတယ် သူ့အဖေတောင်လှည့်ကြည့်စရာမလိုတော့ဘူး"