အခန်း (၁၇)
ဦးသစ်ပြောထားတဲ့အတိုင်းအန်တီမေက ပွဲကိုလူအနည်းအကျဥ်းလောက်ပဲဖိတ်ပါသည်။ထိုထဲမှာ ဦးသစ်ရဲ့ အချစ်ဦးရော ရည်းစားဟောင်းရောပါဝင်လေသည်။မသွန်းကတော့ အကိုဂျေးတို့နှင့်အတူထိုင်နေပေမယ့် ရတီရွှန်းလဲ့ကတော့ ဦးသစ်နားကမခွာပင်ဖြစ်နေလေသည်။ဦးသစ်လက်မောင်းကိုချိတ်ကာပွဲထဲလျှောက်သွားနေတာမို့ သူတို့နှစ်ယောက်ကြားကိုပြေးဝင်ချင်တဲ့စိတ်ကိုမနည်းထိန်းနေရပါသည်။ ဦးသစ်က တစ်ခါတလေ သူ့ကိုလှည့်ကြည့်ပေမယ့် ဒါရိုက်တာတွေနဲ့ စကားပြောနေတာမို့ လှည့်ထွက်လာလို့မရတာသူသိပါသည်။ အခုသူ့တာဝန်က ဦးသစ်တစ်ခုခုလိုအပ်ရင် လုပ်ပေးဖို့ မလှမ်းမကမ်းမှာရှိနေရသည်သာ။ ထိုစဥ်နွေဦးက အနားရောက်လာကာ
"ကိုနေ "
"သြော်နွေဦး အဆင်ပြေလား လိုအပ်တာရှိရင်အကို ကိုပြောလေ"
"မလိုအပ်ပါဘူး အကိုရာ ကျွန်တော်ပျင်းလို့ အကိုဂျေးက သူ့နားမှာသာနေခိုင်းတာ ပြီးရင် သူတို့နှစ်ယောက်ကြားကျွန်တော်က လူပိုကြီး"
"ဟွန့် စိတ်ကောက်လာတယ်ဆိုပါတော့"
"မကောက်ရဲပါဘူး ကိုနေရာ အကိုဂျေးစိတ်ဆိုးရင်ကြောက်စရာကြီး ဒါနဲ့ သူကလူလားတောက်တဲ့လား"
ရတီကိုကြည့်ရင်းပြောနေတာမို့ ဆန်းပြုံးမိပါသည်။
"မသိရင် သူကပဲ သက်ဆိုင်သူလိုလိုနဲ့ ဟိုတလောကပဲ လမ်းခွဲကြောင်းကြေညာပြီးတော့"
"အန်တီမေ့မျက်နှာကြောင့်နေမှာပါနွေဦးရဲ့"
သူတို့နှစ်ယောက်ကို အကိုဂျေးလှမ်းကြည့်တာမို့
"ကိုနေ သွားတော့မယ်နော် ဟိုမှာကြည့်နေတာကြောက်စရာကြီး"
"သွားသွား အကြည့်နဲ့တင်ပြာကျနေအုံးမယ်"
နွေဦးထွက်သွားတော့ ဆန်းတစ်ယောက်ထဲ အထီးကျန်သလိုခံစားရပြန်ပါသည်။ သူနဲ့သိတဲ့လူသိပ်မရှိတာကြောင့် စကားပြောရမဲ့လူလဲမရှိ ဦးသစ်ကို ကြည့်ပြန်တော့လဲ တော်ရုံနဲ့စကားပြတ်မဲ့မုံမပေါ်ပေ။ဗိုက်ဆာသလိုရှိပေမဲ့လည်းဘာတစ်ခုမှစားချင်စိတ်မရှိတာကြောင့်ဆန်းပွဲအပြင်ဘက်ထွက်ခဲ့လိုက်ပါသည်။ ဓာတ်လှေကားထဲဝင်ပြီး ခေါင်မိုးထပ်ကိုနှိပ်လိုက်သည်။အချိန်က ညခုနှစ်နာရီထိုးနေပြီမို့ အပေါ်စီးကနေမြင်နေရတဲ့ မြင်ကွင်းက မီးရောင်စုံနဲ့လှပနေပါသည်။ ဆန်းရဲ့စိတ်ထဲမှာလဲ အတွေးတို့က ရောလျှပ်နေခဲ့သည်။ ဦးသစ်ဆွဲပေးထားတဲ့ လက်စွပ်နဲ့ဆွဲကြိုးလေးကိုကိုင်ထားမိပါသည်။ သူလက်ခံခဲ့တာမှန်လားမှားလာပင်မသိတော့။ သူက လိင်တူကိုစိတ်ဝင်စားနေခဲ့တယ်ဆိုတာသိတုန်းက ကိုယ့်ကိုကိုယ်လက်ခံနိုင်အောင် ကြိုးစားခဲ့လေသည်။ သူနေခဲ့တဲ့ပတ်ဝန်းကျင်မှာ ထိုအရာတွေက စိမ်းသက်မနေခဲ့ ။ ဒီကိုရောက်လာခဲ့တော့ သူ့စိတ်ကိုအတက်နိုင်ဆုံးထိန်းချုပ်ခဲ့သည်။ သို့သော်သူမအောင်မြင်ခဲ့ပါ ဦးသစ်ပုံကိုမြင်ခဲ့တုန်းက ချောလိုက်တာလို့သက်မှတ်ခဲ့ပေမယ့် တကယ်တမ်းဦးသစ်နဲ့အနေနီးပြီး အကြောင်းသိလာခဲ့တော့ ဦးသစ်ရဲ့ နာကျင်မှု့ဒဏ်ရာတွေကို ကုစားပေချင်ခဲ့သည်။ ဦးသစ်ကို သူချစ်မိခဲ့လေသည်။ သူမြိုသိပ်ထားခဲ့ပေမယ့် ခွဲခွာရတဲ့ ငါးရက်တာမှာအချစ်တွေက ပွင့်အမ်ထွက်ခဲ့သည်။အခုချိန်ထိအရာရာအဆင်ပြေနေခဲ့တာကိုသူကြောက်
မိပါသည်။ မုန်တိုင်း မလာခင်မှာ လေပြေတွေက အရင်တိုက်တက်သည်မဟုတ်ပါလား။ ဦးသစ်ပြတ်သားနေပေမဲ့သူတွေဝေနေလေသည်။ သူ့အချစ်တွေကြောင့် ဦးသစ်ပျက်ဆီးဆုံးရှုံးရမှာတွေက များလွန်းသည်။အတွေးတို့နယ်ချဲနေတုန်း ဖုန်းဝင်လာပါသည်။
YOU ARE READING
ရာဇဝင်တွင်မဲ့ အနမ်း
Romanceဤစာထဲမှာပါသောအကြောင်းအရာများသည် မိမိ၏ စိတ်ကူးအတွေးအမြင်များသာဖြစ်ပါသည်။ တူညီခဲ့သောအကြောင်းအရာများအမည်များ စာသားများပါခဲ့လျှင် တိုက်ဆိုင်မှု့သက်သက်သာဖြစ်ကြောင်းအနူးအညွန့်တောင်းပန်အပ်ပါသည်။ ပထမဦးဆုံးစရေးတဲ့သူအို့အမှားများလိုအပ်ချက်များပါရှိခဲ့ပါလျှင်...