Unicode ver...
Intro
ဘန်ကောက် မြို့တော်ရဲ့ အထင်ကရ 5 Star Hotel တစ်ခုရဲ့ အခန်းတစ်ခုထဲဝယ် ခန့်ချောချော လူငယ်တစ်ယောက်ဟာပက်လက်ကုလားထိုင်ပေါ်မှာ ခြေချိတ်ထိုင်လို့ တစ်ဆက်တည်းမှာပဲ နောက်မှီပေါ် မှီချလိုက်လေသည်။
လက်ထဲက ဝိုင်ခွက်ကို လှည့်ဆော့ကစားရင်း ထိုလူရဲ့ မျက်ဝန်းညိုလေးတွေက လှုပ်ခတ်သွားတဲ့ ဝိုင်ကလေးတွေကို ရီဝေဝေနဲ့ လိုက်ကြည့်နေပြန်သည်။
နံရံပေါ်က နာရီလက်တံတစ်ချက်ချက်ရဲ့ အသံက တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ကြီးစိုးနေသည်။ ထိုနည်းတူစွာ ဒဏ်ရာမကျက်သေးတဲ့ နှလုံးသားငယ်ဟာလည်း တဒုတ်ဒုတ်နဲ့ ဘယ်ဘက်ရင်အုံထဲ အရှိန်မှန်မှန်နဲ့ ခုန်လှုပ်နေဆဲ ဖြစ်သည်။
Brandedတွေဆိုတာ ကြည့်တာနဲ့တင် မှန်းလို့ ရနေတဲ့ ဝတ်စုံကိုဝတ်ထားတဲ့ ထိုလူသားရဲ့ အေးစက်စက် မျက်ဝန်းကလေးမှာ ငွေ့ရည်ကြည်ကြည်လေးတွေ ထွန်းအိုင်နေပြီး လိမ့်ကျလာခြင္းတော့ မရှိခဲ့ပြန်ပေ။
ဒဏ်ရာဒဏ်ချက်တွေကြောင့် ပေါက်ထွက်ချင်နေ နှလုံးသားကို အလွှာပေါင်းစုံ ခံစားချက် ပေါင်းစုံနဲ့ ဖိသိပ်ရင်း သူဟာ မာကျောကျော ကျောက်သားလို အေးစက်စက် ရေခဲပြင်လို ဖြစ်တည်သွားလေသည်။ထိုအခြေအနေတွေမတောင်းတပဲ သူဟာ အစကတည်းက ပိုင်နေပြီးသား ပင် ဖြစ်သည်။
လောကမှာ လိုချင်သမှှျ ရထားပြီ ဖြစ်ပေမဲ့ ခုနေ့ ခုချိန်ထိ သူမရတဲ့ အရာကတော့ ထိုလူသားနဲ့ ထိုလူရဲ့အချစ်တွေသာ ဖြစ်သည်။
နည်းနည်းတော့ ကြောင်တောင်တောင်လေးပေမဲ့ ပြေးကြည့်တော့မှ တစ်ဆစ်ဆစ်နဲ့ နာကျင်စေတဲ့ အမှန်တရားမှန်း သိသာပါသည်။
အရာအားလုံးက အစီအစဥ်တကျ ဖြစ်ပေါ်လာပုံရပေမဲ့ တစ်ထောင့်တစ်နေရာလေးတော့ မှားယွင်းနေခဲ့ပုံရပါတယ်။
ဒါဆို ဘယ်ကနေ စတင်မှားယွင်းခဲ့တာလဲ။
အစကနေ ကြည့်ရမယ် ဆိုရင်~~~~။ရှိုင်းရဲမာန်
:ဒီဇာတ်လမ်းမှာ ကျွန်တော်က Villainပဲလေ။ မထူးတော့မဲ့အတူတူ ခင်များနဲ့ သူ့ကို အဆုံးထိ လိုက်ခွဲပေးရမှာပေါ့။
YOU ARE READING
Innocence Villain (Oc Characters)
Romanceအသိုက်မဲ့ အတောင်ပံကျိုး ငှက်ကလေး ဘဝရောက်ခဲ့ရတဲ့ အချစ်ကြီးသူရဲ့ မေတ္တာဆူးခင်များကို မစူးစေလို။ ကျွန်တော်ခံစားရသလို ခင်များမခံစားပါရစေနဲ့လို့ ကျွန်တော်ဆုတောင်းခြွေပါတယ် အချစ်ရယ်။ Villain ဖြစ်တဲ့ကျွန်တော် ရဲ့ မေတ္တာတရားမှာ ခင်များအတွက် ကျိန်စာလုံးဝ မ...