(13) သူ လီရှန့်ကို ယုံကြည်သင့်လား ??

970 90 20
                                    

[Unicode Version]









'' ကောင်းကောင်းအနားယူပြီး အိပ်ပျော်အောင်အိပ်
မနက်လာကြိုမယ် ။ ကိုယ့်ကို စောင့်နေ ''

ယိပင်းဆံပင်ကြားထဲ ဖွဖွလေး ပွတ်သပ်တိုးဝင်နေတဲ့
များက တယုတယနှင့် အထင်မှားချင်
စဖွယ် ။ ဒီတစ်နေ့လုံး အစကနေ အဆုံးအထိ သူ့စိတ်
အာရုံများ ပျံ့လွှင်နေပြီး ဖြစ်ပျက်သမျှတွေအားလုံး
ကို ယိပင်း သိပ်မမှတ်ချင်ပေ ။

သူ သိသမျှက လီရှန့် ၏ နွေးထွေးပြီးနူးညံ့တဲ့
အပြောအမူနှင့်စကားတွေ ရှက်စရာကောင်းပြီးပူလောင်
လှတဲ့ အနမ်းတွေ ..

အဲ့ဒါ က အဲ့ဒါက .. တကယ့်ကို ခံစားလို့ ကောင်း !!!

အား !!!!!! သူ ဘယ်လိုတောင် တွေးလိုက်တာလဲ !?

လီရှန့် သူ့ရှေ့မှာ ရှိနေတုန်းဖြစ်ရဲ့သားနဲ့ ယိပင်းရဲ့
အတွေးတွေက လမ်းချော်လွန်းတာမို့ သူ့ကိုယ်သူ
လည်း စိတ်တိုမိသလို ရှက်လွန်းလို့ လည်ပင်းသား
တွေ နီရဲတက်လာသည် ။

သူ က ​ရှောင်းယိပင်း က လီရှန့် ကို အမုန်းကြီးမုန်း
နေတာလေ .. ဘယ်လိုများ လွယ်လွယ်ကူကူ နဲ့
သူ့အနမ်းတွေကို လက်ခံနိုင်ရတာလဲ ???

ဒီမနက်အထိ သူ သူ့ကို ဝေးဝေးနှင်ထုတ်ဖို့
တွေးနေတာလေ  ..

ယိပင်း ဘာကြောင့်ရယ်မသိ ဒီနေ့လည်ခင်းစာ
တစ်ချိန်လုံး ကို မမှတ်မိ  ။ ကြီးကြီးမားမား 
တစ်စုံတစ်ခုဖြစ်ပျက်ခဲ့တယ်လို့ ခံစားရပေမဲ့
ဘာအကြောင်းလဲဆိုတာ တွေးမရအောင် သူ့မှတ်ဥာဏ်
များက လှစ်ဟာနေသည် ။

သူ့မျက်လုံးများက အခုထိ နာကျင်ပြီးယောင်ကိုင်း
နေတုန်းဖြစ်သလို အချိန်အကြာကြီးငိုထားသလို
ခေါင်းကိုက်ပြီးစိတ်ရှုပ်ထွေးနေသည် ။

'' ဘာမှမတွေးနဲ့ ။ အကုန်အဆင်ပြေတယ် ''

လီရှန့် ၏စကားကို သူနားမလည်ပေမဲ့ ခေါင်းငြိမ့်
ပြလိုက်သည် ။

ဘာကြောင့်လဲဆိုလီရှန့်မျက်ဝန်းထဲက စိုးရိမ်ပူပန်မှု
ကို ယိပင်း အတိုင်းသားမြင်နေရတာကြောင့်ပင် ။

အဲ့ဒါက အပေါ်ယံဟန်ပြ သရုပ်ဆောင်မှုမျိုးမဟုတ်ဘဲ
နှလုံးသားအောက်ခြေက ထိုးထွက်လာတဲ့ ပူပန်မှုနဲ့
ယိပင်း ကို နှစ်သိမ့်ပေးနေခြင်းဖြစ်သည် ။

Você leu todos os capítulos publicados.

⏰ Última atualização: Sep 19, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

|| After 6 months || [Z+U]Onde histórias criam vida. Descubra agora