လွမ်း တစ်ယောက် သင်တန်း ဆင်းလာတော့ နောက်ကနေလိုက်လာပြီးသူ့ရဲ့လက်ကိုဆွဲလိုက်သော မင်းထက်ကြောင့် လွမ်း စိတ်ညစ်သွားရသည်။
"လွမ်း"
"ငါ့ကို လွှတ်စမ်း မင်းထက် ပြီးတော့ ငါ့နာမည်ကို လွမ်း လို့ ခေါ်စရာမလိုဘူး"
"လွမ်းက ခွန်းသက္ကရာဇ်ဈာန်အတွက်ပဲလား"
"မင်းနဲ့မဆိုင်ဘူး မင်းထက်"
"အိုကေ ဒါဆိုရင် ဟိန်းကို ကိုယ့်ပြောထားတဲ့ကိစ္စ အဲ့အဖြေလေး သိချင်လို့"
"ဒီမယ့် မင်းထက် မင်းကို ငါ့အစကတည်းက တစ်ခါတည်း အပြတ်ပြောပြီးသား ထပ်လာမပတ်သက်နဲ့ လွှတ်စမ်း "
လွမ်းတစ်ယောက် သူ့လက်ကို လွှတ်ပေးဖို့ပြောရင်း သင်တန်းရှေ့ ရုန်းရင်ဆန်းခတ်ဖြစ်နေတုန်း သူ့ရဲ့နာမည်ကို စိတ်တိုနေတဲ့အသံဖြင့် ခေါ်လိုက်သော အသံပိုင်ရှင်ကြောင့် လွမ်း လန့်သွားရသည်။ညနေကျ မအားလို့ လွမ်း ဘာသာပြန်ဖို့ ပြောတဲ့သူက ခုတော့ သင်တန်းလာကြိုနေလေရဲ့။
"လွမ်းဟိန်းထက်မှူး!!"
"နက်"
"ဒါကဘယ်လိုဖြစ်နေတာလဲဟမ် ကျွန်တော် ခင်ဗျားကို အဲ့လိုတွေ စိတ်မချလို့ လာကြိုရတာ"
"ငါ့..."
"ဆက်မပြောနဲ့ ခင်ဗျားနဲ့ကျွန်တော် ပြီးမှ ရှင်းမယ် ဟိုကောင် မင်းဆွဲထားတဲ့လက်ကို ခုချက်ချင်းလွှတ်လိုက်"
လွှတ်ဖို့အေးစက်စွာပြောပေမဲ့ သူ့ကိုယ်တိုင်ပဲ လွမ်းရဲ့လက်ကို ဆွဲယူပြီး သူ့ကျောနောက်ကို ပို့လိုက်သော နက်။နက် ရဲ့ အားပါတဲ့ဆွဲယူဖြုတ်လိုက်မှုကြောင့် လွမ်း တစ်ယောက် နာသွားရသော်လည်း ခုချိန်ဘာမှမပြောရဲသေးပေ။ဘာလို့ဆို စူးရဲနေတဲ့မျက်လုံးတြွေဖင့် စိတ်တိုနေတာ ထိန်းချုပ်ထားရပုံရတဲ့ လူဆိုးကောင်ကြောင့်ပင်။
"မင်းကို သတိပေးထားပြီးသားထင်တယ် မင်းထက်"
"ငါ့က မင်းသတိပေးထားကို ဘာကိစ္စေ-ာက်ဂရုစိုက်ရမှလဲ"
နက် နဲ့ မင်းထက် တို့သည် အရင်တစ်ခါတုန်းကလည်း လွမ်း ကြောင့် ရန်ညှိုးရှိခဲ့ဖူးတဲ့သူတေံပင်။အဲ့ကတည်းက လွမ်း ကို ထပ်မထိဖို့သတိပေးထားကို ခုမကြောက်မလန့်နဲ့လာထိနေတာက နက် ရဲ့ စိတ်ကို လာစမ်းသပ်နေသလို။
YOU ARE READING
ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)
Romanceခွန်းသက္ကရာဇ်စျာန်(ခ)နက် လွမ်းဟိန်းထက်မှူး Started date-19.10.2022 Finished date-10.2.2023