သို့
ချစ်ဦးသူ/နှလုံးသားရဲ့ ပထမဆုံးတောင်းဆုဟာ မင်းရဲ့ ရယ်မောသံလေးတွေနဲ့ အစပြုခဲ့တယ်။ နှုတ်ရခက်တဲ့ သေးနုပ်နုပ် ဆူးတစ်စလိုမျိုးနဲ့ မင်းဟာ မောင့်ရဲ့ဘဝအစိတ်ပိုင်းတွေထဲ ကျွံဝင်လာခဲ့သူ။
အရာရာဟာ ဦးဆုံးမို့ ရူးမိပါရဲ့။ အတူရှိခဲ့ဖူးတဲ့ ကျောင်းစာသင်ခန်းက စလို့၊ ချိန်းတွေ့ခဲ့ဖူးတဲ့နေရာတွေ အထိ။ အမှတ်တရတိုင်းဟာ မှတ်ဉာဏ်ထဲ ရှိနေဆဲလို့ ပြောရင် ချစ်ဦးသူလေးရော အရင်လို ယုံပေးဦးမှာလား။
တကယ်တော့ အခုရော လွမ်းနေရဆဲပဲ ချစ်ဦးသူရဲ့။ ကမ္ဘာတစ်ဖက်စီ ဝေးတဲ့ အကွာအဝေးမှာ အလွမ်းတွေပိုတိုးရုံအပြင် ဒီကောင့်မှာ ဘာတတ်နိုင်ဦးမလဲ။
အစစအရာရာအဆင်ပြေပါစေ။
ခလုတ်မထိ၊ ဆူးမငြိလို့ အန္တရာယ်ကင်း၊ ဘေးရှင်းပါစေ။နောက်ထပ်၊ အတ္တအစွယ်ပွားတစ်ချို့ကိုပါ ထည့်သွင်းပြီး မောင်ဆုတောင်းချင်သေးတယ်။
အဝေးတစ်နေရာက မောင့်မေတ္တာဓာတ်တွေကြောင့်ပဲ ချစ်ဦးသူလေးတစ်ယောက် အေးချမ်းနိုင်ပါစေ။
ချမ်းဝေ
၉ ၊ ၁၀ ၊ ၂၀၀၈။
YOU ARE READING
𝘛𝘩𝘦 𝘍𝘪𝘳𝘴𝘵
Romance•Own Creation• [BL] "အချစ်ဦးကို မေ့ပြီလား"လို့ တစ်စုံတစ်ယောက်ကို မေးကြည့်ဖူးလား ။