Chapter 18

268 21 5
                                    

"ငါတို့တွေ နောက်ကို ခြေတလှမ်းဆုပ်ခဲ့ကြရင်ကောင်းသား...

ငါတို့က တယောက်ကိုတယောက်သေချာ မမြင်ရတဲ့အထိ နီးကပ်နေခဲ့လို့ပဲ"

ကျောင်းဆင်းပြီး ညတိုင်းတွင် ကိတ်က နံရံကို ကန်ပြီး ခြေထောက် အကြောဆန့်ကာ အီယူ စင်ပေါ်မှာ ဇာတ်ညွှန်းလေ့ကျင့်တာကို ကြည့်လေ့ရှိသည်။

တကယ်တော့ ဒီမှာရှိသမျှ လူတွေ အားလုံးထက် အီယူကသာ မင်းသားနဲ့ ပိုတူသည်ဟု ကိတ်ထင်သည်။

အီယူက သရုပ်ဆောင်ရတာကို ဒီလောက်တောင်ကြိုက်နေတာ၊ အီယူ ဘာဆက်လုပ်မှာလဲလို့ ကိတ်မေးတတ်သည်။

အီယူက တောက်ပစွာပြုံးသည့်အချိန်တွင် ကိတ်က Cocoaအအေးကိုသောက်နေသည်။
ပြီးတော့ အီယူက စိတ်ဖိစီးနေသလို ထင်ရပြီး မျက်ရည်တွေ ကျဆင်းလာတော့မည့်ပုံစံ ဖြစ်သည်။

အီယူ့ရဲ့ မျက်နှာ အမူအယာ အမျိူးမျိူးကအရမ်း စိတ်ကျေနပ်စရာကောင်းပြီး  ကိတ် အီယူ့ထံမှာ အကြည့်မလွှဲနိုင်ပါ။

ယခု မြင်နေရသောအီယူနှင့် ကိတ်ရဲ့ကလေးဘဝ မှတ်ဉာဏ်ထဲမှာ ရှိခဲ့သော အီယူက မတူညီသောသူများသာဖြစ်သည်။

အရမ်း ကွာခြားလွန်းတာကြောင့် တခါတရံမှာ ကိတ်သဘောမကျပါ။

ဒီထက်ပိုပြီး ကမ္ဘာပေါ်မှာ အီယူ့အကြောင်းကိုအသိဆုံးသူက  ကိတ်မဖြစ်နိုင်တော့ပါ။

စင်ပေါ်တွင် ရယ်မောနေသော အီယူနှင့် အကြည့်ချင်းဆုံမိချိန်တွင် ကိတ် တံတွေးမြိုချလိုက်သည်။

ကိတ်က အီယူ့ကိုလက်ဝှေ့ယမ်းနူတ်ဆက်လိုက်သည်။အီယူကသူ့ငယ်ချင်းကိုတခုခု လှည့်ပြောပြီး ကိတ်ဆီသို့ပြေးလာသည်။

အီယူက လေ့ကျင့်ခန်းလုပ်ရတာမကြိုက်သည့်သူလိုမျိူး ကိတ်ဆီ ရောက်လာဖို့ အမောတကော ပြေးလာသည်။

"ပျင်းနေပြီလား"

အီယူကပြုံးလိုက်သည်။

"တခါမှ မပျင်းရပါဖူး"

"ဒါပေမဲ့ ကိတ် အီယူလေ့ကျင့်တာကိုညတိုင်းမိုးချုပ်တဲ့အထိစောင့်ရတယ်လေ"

"ရပါတယ် ကိတ်စောင့်နိုင်တယ်"

"ကိတ်မှာ အိမ်စာ လုပ်စရာရှိတယ်မဟုတ်လား၊ ဒီမှာတော့ မလုပ်စေချင်ဖူး"

အချစ်ဦးနှင့်ဖြစ်နိုင်ချေ12%Where stories live. Discover now