Unicode
Jungkook လည်း ဟိုတယ်ကနေအပြန် အချိန်ရတာနှင့် Yuli နဲ့လျှောက်လည်ဖို့တွေးလိုက်သည်
"မောင် ...Yuli စီလာတယ်"
"ဟုတ်တယ် မောင် Yuli ကို သတိရလို့
ကိုယ်ဒီနေ့ အားတယ် လျှောက်လည်ကျမလား""လည်မှာပေါ့ Yuli တို့တူတူလျှောက်မလည်ရတာ ဘယ်လောက်ကြာနေပြီလဲ"
"ဒါဆိုသွားမယ်လေ"
>>>>>>
နှစ်ယောက်သားလက်ချင်းချိတ်ပြီး Yuli လိုချင်တာတွေဝယ်ပေးဖို့ Shopping center ထဲဝင်လာလိုက်သည်
"မောင် Yuli ဒါလေးလိုချင်တယ်"
"လိုချင်ယူလေ "
"မောင် ဒါလေးလည်း Yuliနဲ့မလိုက်ဘူးလား"
"လိုက်တာပေါ့ အရမ်းလှတယ် ဝယ်လိုက်လေ"
"မောင် ကအရမ်း ချစ်ဖို့ကောင်းတာပဲ Yuliလိုချင်တာတွေအကုန်ဝယ်ပေးတယ်"
"မောင့်မှာ ဒီချစ်သူလေး တစ်ယောက်ထဲရှိတာ
ဒီချစ်သူလေး ကိုမဝယ်ပေးလို့ ကိုယ်က ဘယ်သူ့ကိုဝယ်ပေးရမှာလဲ""အဲ့ဒါတွေကြောင့် မောင့်ကိုချစ်နေရတာ"
>>>>>>>>
Taehyung လည်း ညကပင်ပန်းတဲ့ဒဏ်နဲ့ အချိန်ပိုင်းအလုပ်မသွားနိုင်တော့ လိုအပ်တာလေးဝယ်ဖို့ Shopping centerကိုလာခဲ့လိုက်သည် ဟိုကြည့်ဒီကြည့် လိုက်ကြည့်ရင်း ဆိုင်တစ်ဆိုင်ရဲ့ ရှေ့ရောက်တော့ သူ့အကြည့်တွေရပ်တန့်သွားသည်။
"ဟင်"
Jungkook တို့အတွဲကိုမြင်ပြီး သူ မျက်လုံးများပြူးကျယ်သွားသည် သူမထင်ထားမိ Jungkookမှာ ရည်းစားရှိတာ အခုလို Jungkookနဲ့ မိန်းကလေးတစ်ယောက်ကိုတွဲမြင်တော့ သူ့စိတ်ထဲ အနည်းငယ် စိတ်ထိခိုက်သွားသည်။
Jeon နဲ့ပါလာတဲ့မိန်းကလေးက သူ့မိန်းမလား
သူ့ချစ်သူလား ? Taehyungလည်းJungkookနဲ့ပါလာတဲ့မိန်းကလေးကိုသေချာကြည့်မိမှ ဟိုနေ့ကသူနဲ့ဝင်တိုက်မိတဲ့မိန်းကလေးဖြစ်နေသည် ။"ဟင် ဟိုနေ့က မိန်းကလေးပါလား တိုက်ဆိုင်လိုက်တာ"
ထိုစဥ် လက်ချင်းချိတ်ပြီး ထွက်လာတဲ့Junkookတို့အတွဲနဲ့ဆုံမိတော့သည်။