Jeongsong လေးတယောက်ခွေခေါက်ပြီး TV ကြည့်နေပါတယ်
ပြောင်းဖူးကိုစားတာအရမ်းသေရပ်တဲ့အတွက် ကြမ်းပြင်မှာရော သူ့အ၀တ်တွေပေါ်မှာပါ ပြောင်းဖူးစေ့တွေ
မျက်မှောင်ကြုံ့ပြီး ဇာတ်လမ်းတွဲကိုထိုင်ကြည့်နေရင်း သူ့မေမေကသူ့ဘေးကို၀င်ထိုင်လိုက်တယ်
Mom - သားရယ် အသက်ကဖြင့် ဖင်ခေါက်နေပြီ နည်း" ပါး" ကြည့်ကျက်လည်းစားပါဦး
Jeongsong နှုတ်ခမ်းကိုဆူပစ်ပြီး သူ့မေမေကိုပြန်ပြောလိုက်တယ်
Jeongsong - မေမေကသားကိုအဲ့လိုမပြောပါနဲ့နော် သားအသက်ကဖြင့် 19 ပဲရှိသေးတယ်
Mom - ကဲ* ဒီကအမေအိုကြီးပဲမှားပါတယ်ရှင်
Jeongsong မျက်နှာမှာအပြုံးရိပ်လေးသန်းသွားတယ် သူသူ့မေမေနဲ့သာစကားတွေပြောနေတာ မျက်လုဲံးက TV မှာပဲထားထားတာ ပြောင်းဖူးကိုလည်းကိုက်ရင်းပေါ့
Mom လည်းသူ့သားကအခုထိကလေးစိတ်မပျောက်သေးတော့ သက်ပြင်းလေးချလိုက်တယ်
Mom - သားလေး jungwon လေးကိုမှတ်မိလားကွယ်
Jeongsong ကတော့အကြည့်တွေက TV ဆီရောက်ရင်းနဲ့ဖြေလိုက်တယ်
Jeongsong - မမှတ်မိဘူးပဲ ဘယ်သူပါလိမ့်
Mom ကသူ့ကိုခပ်ပေါ့ပေါ့ဖြေလိုက်တာကိုသိတော့ နည်းနည်းပညာပေးရမယ်ဆိုပြီး tv ကိုပိတ်လိုက်ပစ်တယ်
အဲ့တော့မှသူ့သားတော်မောင်က သူ့ဘက်လှည့်ပြီး နှုတ်ခမ်းကြီးထော်ပြီးး လက်ကြီးပိုက်ပြီးအပီအပြင်ကိုစိတ်ကောက်နေပါတော့တယ်
Mom - မေမေပြောတာကိုသားလေးမှနားမထောင်တာ ဒီလိုမှမလုပ်ရင်လေအဲ့ TV ဆီပဲရောက်နေမှာ
Jeongsong လည်းနှုတ်ခမ်းမဲ့ပြပြီး ဆက်ပြောဆိုတဲ့သဘောလုပ်ပြလိုက်တယ်
Mom- jungwon လေးကိုသားမှတ်မိလားလို့
Jeongsong လည်းသေချာစဉ်းစားတယ် သူ့မှတ်ညဏ်ထဲမှာအဲ့နာမည်ကိုတခါတောင်မကြားဖူးဘူး မျက်မှောင်ကြုံ့ရင်း တွေးတောနေစဉ်
Mom - သားမမှတ်မိတာသိပါတယ် မနက်ဖြန်ကျရင်သူတို့မိသားစုအလည်လာလိမ့်မယ်ကွယ် သားငယ်ငယ်ကဆိုရင် jungwon လေးမရှိရင်မစားဘူးမအိပ်ဘူးမဆော့ဘူး လုပ်လို့လေ အခုကျတော့လည်း သူလေးမေ့ပြီပေါ့
Jeongsong မျက်ခုံးတောင်ပင့်မိသွားတယ် ဘယ့်နှယ် လူတယောက်မရှိရင်မအိပ်မစားမဆော့ဘူးဆိုတာ သူတဲ့လား အောင်မာ အဲ့လူကဘာမလို့ပါလိမ့်
Jeongsong မျက်နှာကြီးကမဲ့လိုက်မျက်မှောင်ကြုံ့လိုက်ဖြစ်နေတော့သူ့မေမေလည်း ရယ်မိတယ် သူ့သားကတကယ့်ကိုကလေးလေး
အဲ့တာကြောင့်ချစ်မ၀ဖြစ်နေရတာ
Jeongsong လေးငယ်ငယ်တုန်းကဆိုရင် jungwon ကိုပဲလက်ထပ်မှာဆိုပြီးပြောလို့ အားနာနာနဲ့ jungwon လေးမိဘတွေကိုတောင်းပန်ခဲ့ရသေးတယ် ဒါတောင်သူ့သားလေးက ငိုယိုခဲ့သေးတယ် မနည်းချော့ပြီးပြန်ခေါ်လာခဲ့တာတောင်ကလေးကအငိုမတိတ်အတိတ်တွေကြာခဲ့ပြီ jeongsong မေမေကပြတင်းပေါက်ကိုကြည့်ရင်း တွေးနေတယ် ပြီးတော့သူ့သားကိုကြည့်လိုက်တယ် သားလေးတောင်အရွယ်ရောက်လာပြီပဲ နည်းနည်းတော့ရင့်ကျက်လာပါပြီလေ
အဲ့အချိန်
Jeongsong လက်ထဲကပြောင်းဖူးဟာကုန်သွားပါတော့တယ်
Jeongsong - အားးးးးးးးးးး ငါ့ပြောင်းဖူးကုန်ပြီ gone သွားပြီ အားးးးးးးးးးး
အင်းနည်းနည်းတော့ရင့်ကျက်ပါတယ်
နောက်တနေ့
Jeongsong တယောက်အခုထိကိုမနိုးသေးဘူး ခန္ဓာကိုယ်ကတော့အရိုးလွဲချင်စရာပုံစံနဲ့အိပ်နေတာပေါ့ စောင်တွေဖက်လုံးတွေကလည်း အောက်ကျပြီး လူကလည်း တခေါခေါနဲ့အိပ်မောတွေအရမ်းကိုကျနေတာပေါ့
Jeongsong မေမေနဲ့ဖေဖေကတော့မအားပါဘူး ဒီနေ့ jungwon လေးတို့မိသားစုလာမှာလေ အရမ်းရင်းနှီးတဲ့မိတ်ဆွေတွေဆိုတော့ ပျော်ဖို့ကောင်းမှာသေချာတယ် မုန့်ဖုတ်လိုက်ဟင်းတွေဖွယ်ဖွယ်ရာရာချက်လိုက်တဲ့ အလုပ်ရှုပ်နေတဲ့မေမေ
အိမ်တွင်းအပြင်အဆင်လုပ်ငန်းလုပ်ကိုင်တဲ့ဖေဖေကတော့ အိမ်ရဲ့ပုံကိုအနည်းငယ်ပြန်ပြောင်းနေတာပေါ့
Jeongsong ကတော့အိပ်ခြင်းလုပ်ငန်းလုပ်ဆောင်နေတာပေါ့
