Part-7

4.5K 195 6
                                    

Unicode

"သားလေး ပြန်လာပြီလား"

"ဟုတ်မေမေ "

"မျက်နှာလည်းမကောင်းပါလား ဘာဖြစ်လာတာလဲ"

"ဘာမှ မဖြစ်ပါဘူးမေမေ ညကသောက်တာများသွားလို့ ခေါင်းနည်းနည်းကိုက်နေလို့ပါ"

"ဟုတ်လား ဒါဆို မေမေသံပုရာရည်လေးဖျော်
ပေးမယ်လေ"

"ရတယ်မေမေ မဖျော်နဲ့တော့ သားအပေါ်တက်ပြီးအိပ်တော့မယ် အိပ်လိုက်ရင်ကောင်းသွားမှာ"

"အေးပါ သားရယ် ဒါဆိုလည်း သွားသွား"

Jungkookလည်း သူ့အမေကိုနှုတ်ဆက်ပြီးအပေါ်ကိုတက်လာလိုက်တော့သည်
သူ့အခန်းထဲရောက်မှပဲ Taehyung စီဖုန်းခေါ်ဖို့ပြင်တော့သည် Taehyung ကိုဒီအတိုင်းထားခဲ့ရတာစိတ်မကောင်း သူလုပ်ခဲ့တာတွေတွေးပြီး Taehyungကိုသနားနေတော့သည်
ဘာမှမဟုတ်တာလေးနဲ့Taehyung အပေါ် အခုလိုဆက်ဆံမိတာကိုတွေးပြီးသူ့ကိုသူဒေါသထွက်နေသည်

Taehyung လည်း Jungkook ထွက်သွားထဲ ကအဲ့နေရာက တစ်ဖဝါးမှမခွာ ငူငူကြီးပဲထိုင်နေတော့သည် ဖုန်းလာလို့ကြည့်မိတော့ မသိတဲ့ဖုန်းနံပါတ်ဖြစ်နေသည် ဘယ်သူမှန်းမသိလို့ကောက်ကိုင်လိုက်သည်။

📞📞📞

"Hello"

"Hello Tae ကိုယ်ပါ"

Taehyungလည်း Jungkook အသံကြားတော့ဖုန်းကိုချပြစ်လိုက်သည်။
Taehyung ဖုန်းချသွားတော့ နောက်တစ်ကြိမ်ထပ်ခေါ်လိုက်သည် Taehyungကတော့ Jungkookဖုန်းမှန်းသိတော့လုံးဝမကိုင်တော့

Jungkook လည်း Taehyung ဖုန်းမကိုင်တာနဲ့စိတ်ပျက်လက်ပျက်နဲ့ ကုတင်ပေါ်ပြစ်လှဲ လိုက်သည်။

"ဟူး....Taeကတကယ်စိတ်ဆိုးသွားပြီနဲ့တူတယ်"

Jungkookလည်း ကုတင်ပေါ် ဟိုလှိမ့် ဒီလှိမ့်နှင့်
အချိန်ကုန်နေတော့သည် အိပ်လို့လည်းမပျော်

Taehyung မှာလည်း အတွေးပေါင်းစုံတွေးပြီး
အိပ်မပျော် သူ့ခန္တာကိုယ် ပြန်ငုံကြည့်တော့ Jungkook ပေးသွားတဲ့အမှတ်အသားတွေနဲ့ပြည့်နေသည် လည်တိုင်က လည်းတစ်စစ်စစ်နဲ့နာလို့နေသည် သူ့နှုတ်ခမ်းကိုကြည့်မိတော့လည်း ပေါက်လို့နေသည် သူ့ကိုသူပြန်ကြည့်ပြီးတစ်ဖန်ထပ်၍ ငိုပြန်သည် ။
ထိုစဥ် ဖုန်းလေး တစ်ဖန် ပြန်မြည်လာသည်
ဖုန်းလေးကိုကြည့်မိတော့ဝမ်းသာအားရနဲ့ကိုင်လိုက်သည်။

Sex PartnerWhere stories live. Discover now