"အရမ်းကို သာမန်ဖြစ်နေတာကြောင့်
တခါတရံမှာ
ထိုသာမန်အရာက ဘယ်လောက်ထိ ထူးခြားလဲဆိုတာ မေ့နေတာ ဖြစ်နိုင်သည်"ကိတ်က သူ့လက်ပတ်နာရီကိုစစ်ကြည့်ပြီး ကျောပိုးအိတ်ကိုထုတ်ပိုးနေသည်။ နည်းနည်းလောက်ထပ်ကြာရင် ကိတ်နောက်ကျတော့မှာဖြစ်သည်။
"မင်း ပြဇာတ်သွားကြည့်မှာလား"
ကိတ်က သူ့ကျောပိုးအိတ်ကိုပိတ်ချိန်တွင် ကိတ်ရဲ့ ကောလိပ်ကျောင်းတွင် ရင်းနီးသောသူငယ်ချင်း Attကမေးသည်။
"အေး ပွဲစတော့မယ်၊ မင်းကောမသွားဖူးလား"
"ငါဒီနှစ် လက်မှတ်မရလိုက်ဖူး၊ ဒါပေမဲ့ဒီည ငါတို့သူငယ်ချင်းတွေစုပြီးသောက်ကြမှာ၊ ပြဇာတ်ပြီးရင်လာခဲ့ပေါ့"
Attကပြောသည်။
"ဘယ်မှာလဲ၊ အရင် barပဲလား"
"ထင်တာပဲ၊ငါ gp chatထဲ ဝင်မဖတ်ရသေးဖူး"
"ငါတော့ မလာဖြစ်လောက်ဖူးထင်တာပဲ"
ကိတ်ကရယ်ပြီးပြောသည်။၊
"ဒီည ငါ့သူငယ်ချင်းကို ညစာလိုက်ကျွေးမလို့စဉ်းစားထားတယ်"
"ဘယ်သူငယ်ချင်းလဲ၊ အီယူနဲ့လား"
"အင်း ဟုတ်တယ်"
"Phu Long ငါ့ကိုပြောပြတယ်၊အီယူကအရမ်း သဘောကောင်းတယ်တဲ့"
"Phu Long?"
"အင်း တကယ်တော့ Phuရယ် Khadရယ် Kaemရယ်ကပြောတာ၊မင်းသူငယ်ချင်း အသေးလေးမှာ ကောင်မလေးဖြစ်ဖြစ်၊ကောင်လေးဖြစ်ဖြစ်ရှိနေပြီလား"
ကိတ်က မျက်ခုံးကိုတွန့်ချိုးလိုက်သည်။
"မရှိပါဖူး ဒါပေမဲ့ သူ့အနားမကပ်နဲ့နော်"
"ဒါပေါ့ ငါ့သူငယ်ချင်းကသဝန်တိုနေတာလား"
"ဟုတ်တယ်၊ အရမ်းသဝန်တိုတယ်"
Attကရယ်သည်။
"ငါ Phuကိုပြောပြရမယ်၊ သူတခုခုကိုလိုချင်ရင် မင်းကိုအရင် ကျော်ဖြတ်ရမယ်လို့"
ကိတ်က ခေါင်းခါလိုက်သည်။
ဘယ်လိုပဲကြိုးစားပါစေ၊ ကိတ်ကိုကျော်နိုင်စရာနည်းလမ်းမရှိပါ။
YOU ARE READING
အချစ်ဦးနှင့်ဖြစ်နိုင်ချေ12%
FanfictionCake နဲ့ Seeiwရဲ့ storyလေးကို ဘာသာပြန်ချင်လို့ပါ။ လိုအပ်ချက်တွေရှိရင်တော့နားလည်ပေးနော်။