အပိုင်း၄(Unicode)

212 6 0
                                    


နက် တစ်ယောက် အိပ်ပျော်နေတုန်း သူ့ရဲ့ကုတင်ဘေးက စားပွဲပေါ်တွင် တင်ထားသော သူ့ဖုန်းက ခေါ်ဆိုမှုတစ်ခုဝင်လာလေ၏။သူများတွေလို သီချင်းတွေဘာတွေထည့်ရတာ မကြိုက်တဲ့ နက် အတွက် ဖုန်းမြည်သံက တီးလုံးလေးတစ်ခုပင်။

"Hello"

ဖုန်းကို မျက်လုံးမဖွင့်ဘဲ လက်နဲ့စမ်းယူပြီး ကိုင်လိုက်လေသည်။

"...."

"မနက်ပိုင်းတော့ ငါ့မလာတော့ဘူး သွားစရာရှိတယ်"

"..."

"သိနေရင်လည်း ဘာလို့မေးနေသေးလဲ "

"..."

"အင်း ဒါဆိုရင် ညကျမှ Bee Bar ကို လာခဲ့လိုက်မယ်"

"..."

"ဒါပဲ"

မနက်ပိုင်းသူတို့ဆီ လာအုံးမလား ဖုန်းဆက်မေးတဲ့ ခေတ်ကို မလာကြောင်းပြောပြီးနောက် ပြန်မအိပ်သေးဘဲ ရေမိုးချိုးရန် ရေချိုးခန်းထဲသာ ဝင်လာခဲ့တော့သည်။ဟိုကောင်တွေနဲ့မနက်ပိုင်း မတွေ့ကလည်း တစ်စုံတစ်ယောက်ဆီသွားချင်လို့ပေ။

"အိမ်တော်ထိန်းကြီး ဟိုတစ်ယောက် မနိုးသေးဘူးလား"

မနက်စာစားဖို့ပြင်ဆင်နေတုန်း ဦးနေရောင်ဈာန်တစ်ယောက် သူ့သားကို မမြင်၍ မေးလိုက်မိသည်။

"ဟုတ် သခင်ကြီး သခင်လေးက ခုချိန်မနိုးသေးပါဘူး"

"ဒီကောင်ကတော့.."

"မောနင်း ဒယ်ဒီ"

သူ့စကားတောင်မဆုံးသေးဘဲ သူ့လုပ်စားထိုင်စားနေတဲ့ရုပ်နဲ့ဖအေကို မောနင်းလုပ်ပြီး ဝင်ထိုင်တဲ့ ခွန်းသက္ကရာဇ်ဈာန်။

"သခင်လေး မနက်စာဘာပြင်ပေးရမလဲ"

"ရတယ် ဘာမှမပြင်နဲ့တော့ ဦးဂျက် ကျွန်တော်သွားစရာရှိတယ်"

"ခုမှ ၈နာရီရှိသေးတာ မင်းက ဘယ်သွားမလို့လဲ"

"လွမ်း ဆီ သွားမလို့ ဒယ်ဒီ"

"မင်းက ဘာသွားလုပ်မှလဲ မဟုတ်လည်း သင်တန်းသွားရင် အတူတူသွားမြင်တွေ့နေရတာပဲလေ"

"သင်တန်းမတတ်တော့ဘူး"

"ဘာဖြစ်ရပြန်တာလဲ ခွန်းသက္ကရာဇ်ဈာန်"

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Donde viven las historias. Descúbrelo ahora