"ဂျူဟျွန်း"
"ရှင်"
"ဟော...အဲ့လိုထူးစရာလား"
"ဟင်"
ရုတ်တရက်လန့်သွားတဲ့ဂျူဟျွန်းက ဆူးလ်ဂီရင်ခွင်ထဲကနေ မော့ကြည့်သည်။
"ဂျူဟျွန်းအဲ့လိုထူးရင် ဒီနားကအကောင်ပေါက်လေးကအငြိမ်မနေဘူးခုန်လာတာ။ ဂျူဟျွန်းကြားရဲ့လား"
"အင်း...ဂျူဟျွန်းကိုချစ်တယ်ဆိုပြီးတဖွဖွပြောနေတာမလား"
"ကြည့်....သူသိပြန်ပြီ"
ဂျူဟျွန်းရဲ့ရယ်သံလွင့်လွင့်လေးက ပန်းခင်းအနှံ့။
ဆူးလ်ဂီရင်ဘတ်ထဲကလိပ်ပြာလေးတွေထပျံ၀ဲသည်အထိ။ အခုထိဖူးငုံနေသေးတဲ့ကျူးလစ်ဝါတွေ
ဂျူဟျွန်းရဲ့အပြုံးအောက်မှာ ပွင့်ကုန်တော့မှာပဲ။"အိမ်လေးထဲသွားရအောင်"
"နေပါဦး ဂျူဟျွန်းရဲ့။ မေးစရာရှိလို့"
ဂျူဟျွန်းကမေးလေဆိုသည့်မျက်နှာဖြင့် ဆူးလ်ဂီကိုကြည့်သည်။
"ဒီခြံလေးက"
"၀ယ်ထားတာသိပ်မကြာသေးဘူး။ ကျူးလစ်၀ါတွေပြည့်နေတဲ့ပန်းခင်းကြီးကိုမြင်ချင်လို့ ကိုယ်တိုင်ပျိုးထားတာ"
"ဂျူဟျွန်း ကိုယ်တိုင်လား။ လက်ဖဝါးနုနုလေးတွေတော့ ထိခိုက်ကုန်တော့မှာပဲ"
"အပိုတွေ"
ဂျူဟျွန်းရဲ့မျက်စောင်းနုနုလေးက ရင်ထဲမှာစူးခနဲ။ ချစ်ဖို့ကောင်းလွန်းလွန်းလို့ ဒီအမျိုးသမီးကိုဘယ်လိုလုပ်ရပါ့မလဲ။
"အပိုတွေမဟုတ်ရပါဘူး။ ဂျူဟျွန်းကိုသေးသေးလေးတောင်အထိခိုက်ခံနိုင်တာမဟုတ်ဘူး။ ဖြစ်နိုင်ရင် နှလုံးသားထဲမှာဝှက်ထားချင်တာသိရဲ့လား"
"အို..."
ရှက်သွေးဖြာသွားပြီး ခေါင်းငုံ့သွားတဲ့ပန်းလေးကို လိုချင်သူသိပ်များတာပဲ။ ၀င်ရောက်လာသည့် စိုးထိပ်စိတ်ကြောင့် ဂျူဟျွန်းလက်ဖဝါးတွေကိုနမ်းရှိုက်လိုက်သည်။ အသက်၂၁အရွယ်မိန်းကလေးတစ်ယောက်ရဲ့ ရူးသွပ်မှုလိုဆိုပါစေ။ ဂျူဟျွန်းရဲ့အနားမှာသက်ဆုံးတိုင်ရှိနေချင်သည်။
YOU ARE READING
Bring My Soul To The Universe
Fiksi Penggemarဘေးဘီကိုလှည့်ကြည့်ပါဦး ဂျူဟျွန်းရဲ့... ဂျူဟျွန်းကြောင့်ငိုနေတဲ့ပန်းတွေကို တစ်ခါလောက်နှစ်သိမ့်ပေးလှည့်ပါဦးလား။ ချစ်ခြင်းမေတ္တာတွေကို မျက်ကွယ်ပြုထားတာသိပေမဲ့ ပန်းကလေးတွေအပေါ်တော့ မရက်စက်သင့်ပါဘူးကွယ်။